ကျိုင်းတုံမြို့တွင်  Covid-19 ကူးစက်ခံထားရသူ (၁၅၅)ဦး ထပ်တိုးတွေ့ရှိ

ကျိုင်းတုံမြို့တွင်  Covid-19 ကူးစက်ခံထားရသူ (၁၅၅)ဦး ထပ်တိုးတွေ့ရှိ
အောက်တိုဘာ 4, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့တွင် အောက်တိုဘာလ(၄)ရက်နေ့ တစ်နေ့တည်းတွင် လူပေါင်း (၇၃၇)ဦးကို Covid-19 စစ်ဆေးပေးရာ (၁၅၅)ဦးတွင် Covid-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့တွင် စစ်ဆေးတွေ့ရှိရသည့် (၁၅၅)ဦးအနက် ရပ်ကွက်များအနေဖြင့် လုပ်သားရပ်မှ (၁)ဦး၊ ဝမ်ဟွေမှ (၃)ဦး၊ ဆောင်ပျက်မှ (၁)ဦး၊ မြို့သစ် မှ (၁)ဦး၊ ဝပ်အင်းမှ (၂)ဦး၊ ယန်းကုန်း မှ (၁)ဦး ၊ ရဲဘော်ဟောင်းမှ (၄)ဦး နှင့် ကန်နားလုံမှ (၃)ဦးတို့ ပါဝင်သည်။

ကျေးရွာအုပ်စုများအနေဖြင့် ကတ်ဖတ်ကျေးရွာအုပ်စုမှ (၂)ဦး၊ နောင်ကန်ကျေးရွာအုပ်စုမှ (၄)ဦး၊ ကတ်တောင်ကျေးရွာအုပ်စုမှ (၁၉)ဦး၊ ကတ်ထိုက်ကျေးရွာအုပ်စုမှ (၂)ဦး၊ မိုင်းဇင်းကျေးရွာအုပ်စုမှ (၅၆)ဦး၊ ယန်းလောကျေးရွာအုပ်စုမှ (၂)ဦး၊ ဝပ်ဆောင်းကျေးရွာအုပ်စုမှ (၂၇)ဦး၊ မိုင်းလပ်ကျေးရွာအုပ်စုမှ (၂၀)ဦး နှင့် ယန်းကျိန်ကျေးရွာအုပ်စုမှ (၂)ဦး အပြင် အခြားမှ (၆)ဦးတို့ ပါဝင်ကြောင်း သိရသည်။ 

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ အောက်တိုဘာလ(၄)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း ( ၄,၁၆၈ )ဦးအထိ တွေ့ရှိခဲ့ပြီး (၃,၃၈၄)ဦးမှာ ဆေးရုံနှင့်စောင့်ကြည့် စင်တာများကနေ နေအိမ်ပြန်ခွင့်ရရှိသွားကြပြီး လက်ရှိမှာ (၇၈၄)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တစ်ခုလုံးအနေဖြင့် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံများကြောင့် သေဆုံးသူမှာလည်း (၇၆)ဦးအထိ ရှိနေကြောင်း သိရှိရသည်။