Covid-19 စတင်ပျံ့ပွားရာ တရုတ်ပြည်မကြီးတွင် ပြည်ပမှ ပြန်လာသူ(၂၈)ဦး၌ ပိုးတွေ့

Photo: CGTN
Photo: CGTN
Covid-19 စတင်ပျံ့ပွားရာ တရုတ်ပြည်မကြီးတွင် ပြည်ပမှ ပြန်လာသူ(၂၈)ဦး၌ ပိုးတွေ့
စက်တင်ဘာ 3, 2021 | နိုင်ငံတကာသတင်း| Covid-19

Covid-19  ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားပျံ့နှံ့ရာ တရုတ်နိုင်ငံ ပြည်မကြီးတွင် ပြည်ပမှ ပြန်လာသူ (၂၈) ဦး၌ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့က စစ်ဆေးမှုအတွင်း Covid-19  ပိုးတွေ့ရကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

လက်ရှိအချိန်ထိ ကုသမှုခံယူဆဲ (၄၃၃) ဦးမှ အတည်ပြုလူနာ (၂၂) ဦး ပြန်လည်သက်သာလာသည်ဟု တရုတ်သတင်းဌာန CGTN က ဆိုသည်။

တရုတ်ပြည်မကြီးအတွင်း စက်တင်ဘာလ (၂) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၉,၄၉၅၄) ဦးတွေ့ရှိသည့်အနက် သေဆုံးသူ (၄,၆၃၆) ရှိသည်ဟု သိရသည်။

တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ ပေးပို့သည့်စာရင်းများအရ တရုတ်နိုင်ငံတွင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့အထိ အတည်ပြုလူနာဦးရေ (၁၂၃,၁၀၃) ဦး တွေ့ရသည့်အနက် (၅,၆၈၄)ဦး သေဆုံးသည်ဟု ဖေါ်ပြထားသည်။

တရုတ်နိုင်ငံတွင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၇)ရက်နေ့အထိ ကာကွယ်ဆေးထိုးအကြိမ်ရေပြည့်ပြီးသူ လူဦးရေ (၈၈၉) သန်းကျော်ရှိသည်ဟု WHO တွင် ဖေါ်ပြထားသည်။

Covid-19  ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှစ၍ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့ကပ်ရောဂါအဖြစ် ပျံ့နှံ့သွားခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့အထိ ကမ္ဘာတစ်လွှားတွင် ကူးစက်ခံရသူ (၂၁၈) သန်းကျော်အနက် (၄)သန်းကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။

 

Source: WHO, CGTN