ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစု အပါအဝင် ဆက်စပ်သူ(၃၂) ဦးတွင် COVID 19 ပိုးမတွေ့

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစု အပါအဝင် ဆက်စပ်သူ(၃၂) ဦးတွင် COVID 19 ပိုးမတွေ့
ဧပြီ 15, 2020
By 🌸
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစု အပါအဝင် ဆက်စပ်သူ(၃၂) ဦးတွင် COVID 19 ပိုးမတွေ့

အတည်ပြုလူနာဖြစ်သွားသည့် တရားဟောဆရာ ဒေးဗစ်လားနှင့် ထိတွေ့မှုရှိသည်ဟု သတင်းများထွက်နေသဖြင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစု အပါအဝင် စုစုပေါင်း (၃၂) ဦး ဓါတ်ခွဲနမူနာရယူစစ်ဆေးထားရာ COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့တွင် အဖြေရရှိသည်ဟု သိရသည်။

“ကျွန်မတို့မိသားစုအပါအဝင် (၃၂)ယောက်လုံးကို မနေ့က COVID 19 ဓါတ်ခွဲနမူနာယူစစ်ပါတယ်။ ဒီအဖြေက လူအများစိုးရိမ်ပူပန်နေမှုကို လျှော့ချပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆရာဒေးဗစ်လားနဲ့ ဖေဖေါ်ဝါရီလ (၉)ရက်နေ့က နေပြည်တော် MICC 2 မှာတွေ့ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံး COVID 19 အတည်ပြုလူနာက မတ်လ (၂၃)ရက်နေ့မှာ စတွေ့တာဖြစ်ပါတယ်။ အတည်ပြုလူနာစမတွေ့ခင် လွန်ခဲ့တဲ့ (၂)လလောက်က တွေ့ခဲ့တာဖြစ်ပေမဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတာကြောင့် ဓါတ်ခွဲနမူနာစစ်ဆေးမှုလုပ်ခဲ့ပါတယ်”ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းက လူမှုကွန်ယက်စာမျက်နှာ facebook တွင် ဧပြီလ (၁၅)ရက်နေ့က ရေးသားထားသည်။

ရန်ကုန်မြို့တွင် တရားဟောဆရာ ဒေးဗစ်လားအပါအဝင် ဘာသာရေးအခမ်းအနားတစ်ခု တက်ရောက်ခဲ့သူများ အတည်ပြုလူနာဖြစ်လာပြီးနောက် ဆရာ ဒေးဗစ်လားနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ အတူတွေ့ရသည့် ဓါတ်ပုံတစ်ပုံ လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်ဖြန့်ဝေသူအများအပြားရှိလာခဲ့ခြင်းဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တွင် ဧပြီလ (၁၄)ရက်နေ့က  ဒုတိယသမ္မတနှင့် (၃၁)ဦးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၁၂)ဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~