ကျိုင်းတုံ၊ မိုင်းတုံနှင့် မိုင်းယောင်းမြို့တို့မှ (၃၄)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်ထား

ကျိုင်းတုံ၊ မိုင်းတုံနှင့် မိုင်းယောင်းမြို့တို့မှ (၃၄)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်ထား
နိုဝင်ဘာ 23, 2020
By Tachileik News Agency
ကျိုင်းတုံ၊ မိုင်းတုံနှင့် မိုင်းယောင်းမြို့တို့မှ (၃၄)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်ထား 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းတုံနှင့် မိုင်းယောင်းတို့မှ COVID 19 ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၄) ခုမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၌ တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ရောက်ရှိနေပြီဖြစ်ပြီး နိုဝင်ဘာလ (၂၄)ရက်နေ့၌ ဓာတ်ခွဲအဖြေများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
"အခုပို့တာက အသွားအလာကန့်သတ်ထားတာတွေပါပဲ။ တာချီလိတ်က ထိတွေ့တွေက (၃)ရက်အတွင်း RDT နဲ့စစ်တာမှာ Negative ထွက်ထားတော့ ပုံမှန်ဆို (၁၁)ရက်နေ့မှ ပို့တာပါ။ ကျွန်တော်တို့ guideline အရ stay at home ဒေသက လာတဲ့သူတွေကို အသွားအလာကန့်သတ်ပြီး (၃)ရက်နေရင် RDT စစ်တယ်။ RDT စစ်တာမှာ positive ထွက်သွားသူနဲ့ ထိတွေ့ဆိုရင် စောင့်ကြည့်တယ်။ စောင့်ကြည့်နေစဉ်မှာ ဖျားနာတာ၊ ချောင်းဆိုးတာစတဲ့ COVID 19 လက္ခဏာတွေဖြစ်လာရင် ချက်ချင်းစစ်ပေးပါတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် (၁၁)ရက်မြောက်နေ့မှာ PCR ပို့စစ်မှာဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာလင်းထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာ (၇)ခု၊ မိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာ (၆)ခုနှင့် မိုင်းယောင်းမှ ဓာတ်ခွဲနမူနာ (၂၁)ခု စုစုပေါင်း COVID 19 ဓာတ်ခွဲနမူနာ (၃၄)ခု၏ ဓာတ်ခွဲအဖြေများကို တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့စစ်ထားခြင်းဖြစ်ပြီး တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသည့် လမ်းလုပ်သားအဖွဲ့ကို ၎င်းတို့၏လုပ်ငန်းခွင်ဝင်ရမည့်နေရာအနီး၌ သီးခြားအသွားအလာကန့်သတ်ထားသည့်နေရာတွင် ဆက်လက်ထားရှိပြီး ဓာတ်ခွဲနမူနာ ပို့စစ်သွားမည်ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~