ငါတို့အတွက် ငါတို့ကာကွယ် ကိုဗစ် အန္တရာယ်

ငါတို့အတွက် ငါတို့ကာကွယ် ကိုဗစ် အန္တရာယ်
မေ 11, 2021 | Covid-19

ငါတို့အတွက် ငါတို့ကာကွယ်.....

ဒီကာလမှာ မဖြစ်မနေ လူအုပ်ကြီးထဲ သွားရတော့မယ်ဆိုရင် Mask ကို မဖြစ်မနေတပ်ဖို့ လိုပါတယ်။

Mask တပ်ထားခြင်းကြောင့်  COVID 19 ပျံ့ပွားခြင်း၊ ကူးစက်ခံခြင်းက ဘာကြောင့် ကာကွယ်ပေးနိုင်သလဲဆိုရင် -

-  COVID 19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေက နှာချေ၊ ချောင်းဆိုး၊ စကားပြောရာကနေတစ်ဆင့် လွင့်စင်ထွက်လာတဲ့ အစက်အမှုန်များနဲ့အတူ လွင့်စင်ပါလာတတ်တာကြောင့် ဖြစ်ပါတယ်။

Mask တပ်မထားတဲ့ လူတစ်ယောက်ဆီကနေ  ကိုရိုနာဗိုင်းရပ်စ် ပါဝင်နိုင်တဲ့ အစက်အမှုန်တွေ ဘယ်လောက် အကွာအဝေးထိ လွင့်စင်နိုင်သလဲဆိုရင် -

- နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ ပုံမှန် အသက်ရှုထုတ်ချိန်မှာ အနီးဝန်းကျင် (၅) ပေခန့်အထိ လွင့်စင်ပါတယ်။

- စကားကျယ်ကျယ်ပြောချိန်နဲ့ သီချင်းဆိုချိန်မှာဆို ပုံမှန်ထက်ပိုတဲ့ အကွာအဝေးထိ လွင့်စင်ပါတယ်။

- ပါးစပ်ကို မဖုံးအုပ်ဘဲ ချောင်းဆိုးရင် (၆) ပေခွဲခန့်အထိ လွင့်စင်ပါတယ်။

- ပါးစပ်၊ နှာခေါင်းကို မဖုံးအုပ်ဘဲ နှာချေရင် (၁၉) ပေခွဲခန့်အထိ လွင့်စင်ပါတယ်။

ဒါ့အပြင် အလုံပိတ်ခန်းများ၊ အဲယားကွန်းအခန်းများနဲ့ လေဝင်/လေထွက် မကောင်းတဲ့အခန်းများမှာဆိုရင်တော့ Mask တပ်မထားတဲ့ တစ်ယောက်ယောက်စီက ဗိုင်းရပ်စ်ပိုးတွေ လွင့်စင်နေခဲ့ရင် ပျံ့ပွားကူးစက်နိုင်တာကြောင့် အဲဒီလိုနေရာတွေကို ရောက်နေရင် Mask မဖြစ်မနေ တပ်ထားပါ။

ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျန်းမာနေမှဖြစ်မှာပါ.....