COVID-19 နှင့်ပတ်သက်၍ ဆေးဖြန်းခြင်း လုပ်ငန်းအား မီးသတ်တပ်ဖွဲ့မှ ကျန်းမာရေးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကြိုတင်စီမံ‌ ပြင်ဆင်ထား

COVID-19 နှင့်ပတ်သက်၍ ဆေးဖြန်းခြင်း လုပ်ငန်းအား မီးသတ်တပ်ဖွဲ့မှ ကျန်းမာရေးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကြိုတင်စီမံ‌ ပြင်ဆင်ထား
မတ် 25, 2020
By Tachileik News Agency
COVID-19 နှင့်ပတ်သက်၍ ဆေးဖြန်းခြင်း လုပ်ငန်းအား မီးသတ်တပ်ဖွဲ့မှ ကျန်းမာရေးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကြိုတင်စီမံ‌ ပြင်ဆင်ထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် ဆေးဖြန်းခြင်းလုပ်ငန်းအား ကျန်းမာရေးဦးစီးဌာနနှင့်အတူ ပူးပေါင်းပြီး ဆောင်ရွက်ရန် တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ ကြိုတင်စီမံဆောင်ရွက်ထားကြောင်း သိရသည်။

ကျန်းမာရေးဦးစီးဌာနနဲ့ သူတို့ လိုအပ်တဲ့နေရာတွေကို လူထူထပ်တဲ့နေရာတို့ရှိတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှာပေါ့။ ကျွန်တော်တို့ အထက်ဌာနတွေကလည်း ဒီလိုပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေရှိတယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတာပါ၊ မီးသတ်ပိုက်နဲ့လည်း ဖြန်းလို့ရသလို ဆေးဖြန်းပိုက်လေးတွေနဲ့လည်း ဖြန်းပေးလို့ရပါတယ်

ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့သည် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ နေ့စဉ်တိုးလာနေသည့် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့်အပြင် နယ်စပ်မှနေ၍ မြန်မာရွှေ့ပြောင်းလုပ်သားများလည်း ဝင်ရောက်မှုများသည့်ဒေသဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံအနှံ့သို့ ပျံ့နှံ့နေကာ မတ်လ (၂၅)ရက်နေ့အထိ အတည်ပြုလူနာပေါင်း (၄၂၄,၀၄၈)ဦး ရှိသည့်အနက် သေဆုံးသူ (၁၈,၉၄၇)ဦးရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၃)ဦး တွေ့ရှိထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာန


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~