တာချီလိတ်မြို့တွင်းပိုင်း စက်တင်ဘာလ  (၃)ရက်နေ့ နေ့လည်တစ်ပိုင်း လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်

တာချီလိတ်မြို့တွင်းပိုင်း စက်တင်ဘာလ  (၃)ရက်နေ့ နေ့လည်တစ်ပိုင်း လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်
စက်တင်ဘာ 2, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မီးလင်းရေးရုံး (၁)အပိုင်းအတွင်းရှိ ရပ်ကွက်များကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် နေ့လယ် (၁၂)နာရီခွဲမှ ညနေ (၃) နာရီခွဲအထိ လျှပ်စစ်ဓါတ်အား ခေတ္တ ဖြတ်တောက်မည်ဟု ကြေညာထားသည်။

လျှပ်စစ်မီးဖြတ်တောက်မည့် ရပ်ကွက်များမှာ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဆန်ဆိုင်း (ခ)ရပ်ကွက်များနှင့် ပုံလို့လမ်းဝန်းကျင်တို့တွင် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။



ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ဓါတ်အားလိုင်း ပြုပြင်မည်ဖြစ်၍ ယင်းကဲ့သို့ ဖြတ်တောက်ရခြင်းဖြစ်သည်ဟု အသိပေးထားသည်။