မိုင်းဖြတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့ဖွယ်ရှိသည့် နေရာများကို ဆေးဖြန်း

မိုင်းဖြတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့ဖွယ်ရှိသည့် နေရာများကို ဆေးဖြန်း
ဧပြီ 16, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့ဖွယ်ရှိသည့် နေရာများကို ဆေးဖြန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် အတည်ပြုလူနာ (၁)ဦးတွေ့ရှိခဲ့သဖြင့် မြို့တွင်းလမ်းများ အပါအဝင် အတည်ပြုလူနာနှင့် ထိတွေ့ဖွယ်ရှိသည့်နေရာများအား ကလိုရင်းရေဖျော်၍ ပက်ဖြန်းခြင်းကို တာချီလိတ်နှင့် မိုင်းဖြတ် မီးသတ်တပ်ဖွဲ့တို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့က ဆောင်ရွက်သည်။

အတည်ပြုလူနာကို ဧပြီလ (၁၅)ရက်နေ့က မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ တဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ရွှေ့ပြောင်း ကုသပေးနေပြီး မိုင်းဖြတ်မြို့ရှိ အတည်ပြုလူနာ၏ နေအိမ်၊ Facilities Quarantine ထားရှိခဲ့သည့် ခရစ်ယာန်ဘုရားကျောင် း၊မြို့ပေါ်ရပ်ကွက်နှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် Coronavirus Disease (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းကို ယင်းနေ့မှာပင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းတွင် တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၁) စီး၊ တပ်ဖွဲ့ဝင်(၅)ဦး၊ မိုင်းဖြတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၄)ဦးတို့နှင့် ကျန်းမာရေးဦးစီးဌာန မှတာဝန်ရှိသူများ၊ ဌာနာဆိုင်ရာများနှင့်အတူ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်ခရိုင်မီးသတ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~