တာချီလိတ်မြို့တွင် ကျိုင်းတုံဆေးရုံသို့ သွားရောက်ပြီး အစာအိမ်သွေးကြောရောဂါကုသမှု ခံယူမည့် လူနာအတွက် ကုသစရိတ် မတတ်နိုင်၍ အကူအညီများ လိုအပ်နေ

တာချီလိတ်မြို့တွင် ကျိုင်းတုံဆေးရုံသို့ သွားရောက်ပြီး အစာအိမ်သွေးကြောရောဂါကုသမှု ခံယူမည့် လူနာအတွက် ကုသစရိတ် မတတ်နိုင်၍ အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပဒုမ္မာဆိုင်လမ်းကြားရှိ အိမ်ခန်းငှားတွင် နေထိုင်သည့် အသက်(၅၇)နှစ်အရွယ် အစာအိမ်သွေးကြောပေါက်ရောဂါခံစားနေရသည့် အမျိုးသားတစ်ဦးမှာ  ကျိုင်းတုံဆေးရုံသို့ သွားရောက်ကုသရန် အခက်အခဲဖြစ်နေ၍  ဆေးကုသစရိတ် အကူအညီတောင်းခံထားသည်။

 အဆိုပါ လူနာအမျိုးသားမှာ အစာအိမ်သွေးကြောပေါက်ရောဂါဖြင့် တာချီလိတ်မြို့ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် ၂၀၂၁ ခုနှစ် ဇွန်လ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိလည်းကောင်း၊ ကျိုင်းတုံဆေးရုံတွင် ဇွန်လ(၂၉)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ လည်းကောင်း ဆေးကုသမှုခံယူခဲ့ရသူဖြစ်ကြောင်း သိရသည်။ 

"တာချီလိတ်က ဆေးခန်းတစ်ခုမှာ တစ်ရက်တက်တာ ဘတ်(၅၅၀၀)ပေးရတယ်။ (၄)ရက်တက်လိုက်တာ ဘတ်(၂၀,၀၀၀)ကျော် အဲဒီမှာတင်ပဲ ကုန်သွားတာပေါ့နော်။ ကျိုင်းတုံဆေးရုံမှာကျတော့ ကျပ်(၇)သိန်း ကုန်တယ်။ အပြီးအစီး၊ သရေကွင်းပစ်တာရော၊ သွေးပုလင်း (၄)လုံးသွင်းရတာရောအပါဆို ကျပ်(၇)သိန်းကုန်တယ်။ အခု (၈)လပိုင်း (၂၇)ရက်နေ့မှာ ဗိုက်က ပြန်ဖြစ်တော့ ဆေးခန်းပြတော့ ဆရာဝန်က ကျိုင်းတုံပြန်သွားခိုင်းလို့ ကျွန်မတို့ လက်ထဲမှာလည်း ဘတ်(၁၅၀)ကျော်ပဲရှိတော့တယ်။ ဘယ်လိုမှ မတတ်နိုင်တော့လို့ အကူအညီတောင်းတာပါ"ဟု လူနာရှင်အမျိုးသမီးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။

လက်ရှိကာလတွင် Covid-19 ကြောင့် အလုပ်အကိုင်များ နားထားရပြီး ဝင်ငွေမရှိသည့်အတွက် ဆေးကုသစရိတ်လိုအပ်နေသဖြင့် ကူညီနိုင်မည့်သူများအနေဖြင့် ဖုန်း 09756982603 သို့ ဆက်သွယ်ကူညီပေးကြရန် လူနာရှင်က တောင်းဆိုထားသည်။

#TachileikNewsAgency