လွိုင်လန်းကြိုးပြင်ကာကွယ်တောအတွင်းမှ လယ်ယာမြေနှင့် ကျေးရွာမြေများကို ပယ်ဖျက်ပေးရန်မရှိသေး

လွိုင်လန်းကြိုးပြင်ကာကွယ်တောအတွင်းမှ လယ်ယာမြေနှင့် ကျေးရွာမြေများကို ပယ်ဖျက်ပေးရန်မရှိသေး
ဇှနျ 1, 2019
By Tachileik News Agency


မိုင်းကိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်းက မိုင်းကိုင်မြို့နယ် မြို့မအုပ်စု အမှတ်(၃)ရပ်ကွက်၊ အခြားရပ်ကွက်ကျေးရွာအုပ်စုများမှ လယ်ယာမြေများနှင့် ရပ်ကွက်ကျေးရွာနှင့် သက်ဆိုင်သော မြေများအား ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော ဧရိယာစာရင်းမှ အမြန်ဆုံးပယ်ဖျက်ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇)များ လျှောက်ထားရယူရန် မည်သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် မေးမြန်းခြင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဖြေကြားထားခြင်းဖြစ်သည်။


လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်စေရေး အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ လိုက်နာဆောင်ရွက်ရမည့် ကတိကဝတ်များအရ နိုင်ငံဧရိယာ၏ (၃၀) ရာခိုင်နှုန်းကို သစ်တောနယ်မြေများအဖြစ်၊ (၁၀) ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်း နယ်မြေများအဖြစ် သတ်မှတ်ဖွဲ့စည်းရမည်ဖြစ်သည့်အတွက် လတ်တလောတွင် သစ်တောမြေမှ ပယ်ဖျက်ပေးရန် မရှိသေးကြောင်း သိရသည်။


Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင်းရှိ လွိုင်လန်းကြိုးပြင်ကာကွယ်တောအတွင်း ကျရောက်နေသည့် လယ်ယာမြေ၊ ရပ်ကွက်ကျေးရွာနှင့် ဆိုင်သောမြေများအား ပယ်ဖျက်ပေးရန် အစီအစဉ်မရှိကြောင်း သိရသည်။

မိုင်းကိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်းက မိုင်းကိုင်မြို့နယ် မြို့မအုပ်စု အမှတ်(၃)ရပ်ကွက်၊ အခြားရပ်ကွက်ကျေးရွာအုပ်စုများမှ လယ်ယာမြေများနှင့် ရပ်ကွက်ကျေးရွာနှင့် သက်ဆိုင်သော မြေများအား ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော ဧရိယာစာရင်းမှ အမြန်ဆုံးပယ်ဖျက်ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇)များ လျှောက်ထားရယူရန် မည်သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် မေးမြန်းခြင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဖြကြေားထားခြင်းဖြစ်သည်။

မိုင်းကိုင်မြို့၊ မြို့မအုပ်စု၊ အမှတ်(၃)ရပ်ကွက်နှင့် အခြားအုပ်စုကျေးရွာများမှ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသည်ဆိုသော လယ်ယာမြေများအား ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့က ကွင်းဆင်းစစ်ဆေးရာ လွိုင်လန်းကြိုပြင်ကာကွယ်တောအတွင်း ကျရောက်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနဖြေင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်စေရေး အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ လိုက်နာဆောင်ရွက်ရမည့် ကတိကဝတ်များအရ နိုင်ငံဧရိယာ၏ (၃၀) ရာခိုင်နှုန်းကို သစ်တောနယ်မြေများအဖြစ်၊ (၁၀) ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်း နယ်မြေများအဖြစ် သတ်မှတ်ဖွဲ့စည်းရမည်ဖြစ်သည့်အတွက် လတ်တလောတွင် သစ်တောမြေမှ ပယ်ဖျက်ပေးရန် မရှိသေးကြောင်း သိရသည်။

လယ်ယာမြေများအဖြစ် သစ်တောနယ်မြေမှ ပယ်ဖျက်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်ပြီး သစ်တောမြေမှ ပယ်ဖျက်ပြီးမှသာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net