လွိုင်ကော်မြို့နယ်အတွင်း ဝက်များသေဆုံးမှုအကြောင်းရင်းကို မန္တလေးသို့ ဓာတ်ခွဲပို့စစ်ထား

လွိုင်ကော်မြို့နယ်အတွင်း ဝက်များသေဆုံးမှုအကြောင်းရင်းကို မန္တလေးသို့ ဓာတ်ခွဲပို့စစ်ထား
ဇူလိုင် 7, 2020
By 🌸

လွိုင်ကော်မြို့နယ်အတွင်း ဝက်များသေဆုံးမှုအကြောင်းရင်းကို မန္တလေးသို့ ဓာတ်ခွဲပို့စစ်ထား

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဝက်သေဆုံးမှုများကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ဇူလိုင်လအတွင်း လွိုင်ကော်မြို့နယ်၌ ဝက်သေဆုံးမှုများဖြစ်နေ၍ မန္တလေးသို့ ဓာတ်ခွဲပို့စစ်ထားပြီး ရောဂါဆက်လက် မပျံ့ပွားစေရန် ဝက်သေများကို စနစ်တကျမြုပ်နှံကြရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းထားသည်။

“အခု လွိုင်ကော် ပီကင်းကောခူကတော့ ကျွန်တော်တို့ သွေးနမူနာတွေ ပို့ထားပါပြီ။ သွေးနမူနာ၊ သရွက်ရွက်တို့၊ အသည်းတို့ ဓါတ်ခွဲခန်းပို့ထားပြီ။ ဟိုကနေပြီး အဖြေပြန်ရတဲ့အခါ ကျွန်တော်တို့ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ် ”

ဟု ကယားပြည်နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက  တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့တွင် ပြောသည်။

လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာရှိ ဝက်ေမွေးမြူရေးခြံများတွင် လက်ရှိအချိန်ထိ ဝက်များသေဆုံးနေဆဲဖြစ်၍ ရောဂါပျံ့ပွားမှုမဖြစ်စေရန် ဝက်သေများကို မြစ်များ၊ချောင်းများတွင် မပစ်ကြဘဲ အနက်(၆)ပေအထိ မြေကျင်းတူး၍ မြုပ်နှံရန် ကယားပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိုက်တွန်းထားသည်။

ဇွန်လအတွင်းက ဒီးမော့ဆိုမြို့နယ်၊  ဒေါငံရောက်ကျေးရွာတွင် ဝက်အားနည်းရောဂါကြောင့် သေဆုံးခဲ့ရသည့် ဝက်ကောင်ရေ (၆၀) ကျော်ရှိကြောင်း သိရပြီး ပီကင်းကောခူကျေးရွာတွင် ဇွန်လ (၂၈) ရက်နေ့မှ ဇူလိုင်လ (၆) ရက်နေ့အထိ ဝက် (၇၅) ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

 “ဝက်တွေရဲ့ လက္ခဏာတွေက ခြေထောက်မှာအဆစ်ရောင်တာတို့ တင်ပါးမှာ ပြာနှမ်းတဲ့အနေအထားရယ် ပြီးတော့ နားရွက်မှာလည်းပြာနှမ်းတဲ့အနေထားရှိတယ်။ ဗိုက်မှာလည်း အကွက်အစိမ်းရောင်လေးတွေ ဖြစ်နေတဲ့အနေထားမှာရှိတယ်။ ဇွန် (၂၈) ရက်ကနေ (၃၀) ရက်နေ့အထိတော့ နှစ်ကောင်စ သုံးကောင်စ သေတဲ့အရေအတွက် နည်းနေသေးတော့ လူလုပ်အားနဲ့ပဲ မြေမြုပ်လိုက်တယ်။ နောက် ဇူလိုင် (၄) ရက်နေ့မှာဆို သေတဲ့အရေအတွက်ကများနေတယ်။ (၂၁)ကောင်ပေါ့။ အဲဒါကိုလူနဲ့နိုင်မှာမဟုတ်လို့ ဆည်မြောင်းဌာနက ဘက်ဖိုးကိုအကူအညီတောင်းပြီး ဝက်တွေကိုမြုပ်နှံရမယ့်အထိ တူးပြီး မြုပ်နှံလိုက်ရတယ် ။ တစ်ဖြေးဖြေးနဲ့ အကောင်ရေ များလာတဲ့သဘောပေါ့ အစုအပြုံလိုက်သေတယ်။ ဖြစ်တာကတော့ အဲဒီတစ်ခြံထဲပါ ”

ဟု ပီကင်းကောခူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဌေးကပြောသည်။

ရှမ်း-ကယားနယ်စပ်ရှိ လွိုင်ကော်မြို့နယ် ၊ပီကင်းကောခူကျေးရွာတွင် ဝက်မွေးမြူရေးခြံ(၇)ခုရှိသည့်အနက် ဝက်ကောင်ရေ (၁၄၀)ခန့်ဖြင့် အကောင်ရေအများဆုံး မွေးမြူထားသော ဝက်ခြံတစ်ခုတည်းတွင်သာ ဝက်များသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~