မင်းကင်းမြို့နယ်အတွင်း ရွာတစ်ရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဝင်တိုက်

မင်းကင်းမြို့နယ်အတွင်း ရွာတစ်ရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဝင်တိုက်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း တောင်တွင်းချောင်ကျော်ရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ(၂၃) ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ရာ အာဏာသိမ်းတပ်မှ သေဆုံးမှုများရှိသည်ဟု သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသည့် KLG PDF၊ ရွှေသမင်မုဆိုး PDF၊ ရွှေတြိဂံ PDF ကနီတပ်ရင်း(၂)နှင့် ဒေသခံမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်မှ (၁၀) ဦး သေသည်ဟု ကနီ PDF က ထုတ်ပြန်ထားသည်ကို တွေ့ရပြီး အရေအတွက်နှင့်ပတ်သက်၍ Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိပါ။

အဆိုပါ တိုက်ပွဲမှာ နံနက်(၅)နာရီခွဲမှ (၇)နာရီခွဲအထိကြာမြင့်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော်(၃)ဦးဒဏ်ရာရရှိခဲ့ပြီး အခြေအနေမစိုးရိမ်ရကြောင်း သိရသည်။