တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ဓာတ်ခွဲစစ်ဆေးမှု စတင်လုပ်ဆောင်ခြင်းအဖြစ် ရန်ကုန် ပြန် (၁၇)ဦးကို စစ်ဆေးထား

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ဓာတ်ခွဲစစ်ဆေးမှု စတင်လုပ်ဆောင်ခြင်းအဖြစ် ရန်ကုန် ပြန် (၁၇)ဦးကို စစ်ဆေးထား
စက်တင်ဘာ 10, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ဓာတ်ခွဲစစ်ဆေးမှု စတင်လုပ်ဆောင်ခြင်းအဖြစ် ရန်ကုန် ပြန် (၁၇)ဦးကို စစ်ဆေးထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်ထားသည့် ရန်ကုန်မှ ပြန်လာသူ (၁၇)ဦး၏ ဓာတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၌ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဓာတ်ခွဲစစ်ဆေးနေပြီဖြစ်သည်။
“ရန်ကုန်က ပြန်လာတဲ့သူ (၁၇) ယောက်ရဲ့ ဓာတ်ခွဲနမူနာကိုတော့ ဒီမှာ စစ်ထားတယ်။ ဒီမှာရှိတဲ့စက်က အရေအတွက် အကန့်အသတ်ရှိတော့ risk များတဲ့ ဆိုလိုတာက ရောဂါကူးစက်နိုင်ချေများတဲ့ဒေသက လာတဲ့သူတွေကို ဒီမှ ာစစ်လိုက်တယ်။ နောက် ထိုင်းကပြန်လာလို့ အသွားအလာကန့်သတ်ထားတဲ့ (၁၇)ဦးရဲ့ ဓာတ်ခွဲနမူနာကိုတော့ ရန်ကုန်ပို့စစ်ထားတယ်”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ဓာတ်ခွဲစစ်ဆေးခြင်းကို စက်တင်ဘာလ (၅) ရက်နေ့က စတင်စမ်းသပ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယခင်က ဓာတ်ခွဲစစ်ဆေးခြင်းအား ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်ရှိ ဓာတ်ခွဲဌာနများတွင်သာ စစ်ဆေးနေရာမှ  အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းအတွက် အသုံးပြုနေသည့် GeneXpert စက်များဖြင့် ပြည်သူ့ဆေးရုံကြီးများတွင်ပါ စစ်ဆေးလာခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~