တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း စိတ်ကြွရူးသွပ်ဆေး အပြားတစ်သောင်း ဖမ်းမိ

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း စိတ်ကြွရူးသွပ်ဆေး အပြားတစ်သောင်း ဖမ်းမိ
ဒီဇင်ဘာ 5, 2020
By Tachileik News Agency
 တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း စိတ်ကြွရူးသွပ်ဆေး အပြားတစ်သောင်း ဖမ်းမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)အတွင်း  အမျိုးသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား အပြားတစ်သောင်းဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။
 မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့ ည(၇)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က  ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)အတွင်း ဆောင်းဦးချယ်ရီလမ်းကြားတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းစဉ် ဆိုင်ကယ်ဖြင့် ရောက်လာသည့် အားဂါဆိုသူအား ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့မှ မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ တူးဘောက်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၀,၀၀၀) ပြားကို တွေ့ရှိ သိမ်းဆည်း ဖမ်းဆီးရမိသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းစီးရမိသည့် အသက်(၂၅)နှစ်ဝန်းကျင်ရှိ အားဂါ အား အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။ 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~