သစ်ပင်ခုတ်စဉ် ပင်စည်ပိုင်းနှင့်ရိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး

သစ်ပင်ခုတ်စဉ် ပင်စည်ပိုင်းနှင့်ရိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး
ဖေဖော်ဝါရီ 19, 2020
By Tachileik News Agency
သစ်ပင်ခုတ်စဉ် ပင်စည်ပိုင်းနှင့်ရိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး

ယာခင်းအတွင်း တောရှင်းရန် သစ်ပင်ခုတ်ရာမှ ပင်စည်၏ အခြေပိုင်းဖြင့် ရိုက်မိ၍ သေဆုံးမှု  မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် ဖြစ်ပွားသဖြင့် ရေနံမနယ်မြေရဲစခန်းမှ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် သေမှုသေ ခင်းဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

မင်းလှမြို့နယ် လက်ပံခုံကျေးရွာနေသူ ဦးမောင်မောင်သည် ဖေဖော်ဝါရီလ(၁၇)ရက်နေ့က လက်ပံခုံကျေး ရွာ အနောက်ဘက်(၄)ဖာလုံခန့်အကွာရှိ  ၎င်း၏ယာခင်းအတွင်း တောရှင်းရာမှ  လုံးပတ်(၁၄)လက္မ၊ အမြင့် (၁၀)ပေခန့်ရှိသော သစ်ပင်အား ခုတ်စဉ် ပင်စည်ပိုင်းအခြေဖြင့် ရင်ဘတ်အား ရိုက်မိခြင်းဖြစ်ကြောင်း သိရ သည်။

ရင်ဘတ်၌ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့် ဦးမောင်မောင်အား ပဒါန်းဆေးရုံသို့ တက်ရောက်ဆေးကုသ မှုခံယူစေခဲ့ရာမှ မကွေးတိုင်းဆေးရုံသို့ လွှဲပို့သဖြင့် သွားရောက်ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားကြောင်းကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့က သတင်းရရှိ၍ ရေနံမနယ်မြေရဲစခန်းမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ နံရိုးကျိုးကာ အဆုတ်အား ထိခိုက်မိ၍ သေဆုံးရခြင်းဖြစ်ကြောင်း ဆေးစာမှတ်တမ်းအရသိရှိရသဖြင့် ဦးမောင်အေး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးရခြင်း ဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန် ရေနံမနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/၂၀၂၀ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ပရဟိတ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~