တာချီလိတ်ဆေးရုံမှ ဓါတ်ခွဲစစ်ဆေးထားသည့် ရန်ကုန်ပြန် အနံ့ပျောက်လူနာတွင် COVID 19 ပိုးမတွေ့

တာချီလိတ်ဆေးရုံမှ ဓါတ်ခွဲစစ်ဆေးထားသည့် ရန်ကုန်ပြန် အနံ့ပျောက်လူနာတွင် COVID 19 ပိုးမတွေ့
စက်တင်ဘာ 30, 2020
By Tachileik News Agency
တာချီလိတ်ဆေးရုံမှ ဓါတ်ခွဲစစ်ဆေးထားသည့် ရန်ကုန်ပြန် အနံ့ပျောက်လူနာတွင် COVID 19 ပိုးမတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရန်ကုန်မှပြန်လာပြီး တစ်လအကြာတွင် အနံ့ပျောက်သည့်လက္ခဏာဖြင့် ပြည်သူ့ဆေးရုံရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၌ ဓာတ်ခွဲစစ်ဆေးတွေ့ရကြောင်း သိရသည်။
"ဓာတ်ခွဲအဖြေက Negative ပါ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အမျိုးသမီး၏ ဓာတ်ခွဲနမူနာကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ ဓာတ်ခွဲစစ်ဆေးသည့်စက်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ရန်အောင်မြေရပ်ကွက်အတွင်း ပါလျံ (၁) ရပ်ကွက်မှ (၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်မှပြန်လာပြီး တစ်လဝန်းကျင်အကြာ စက်တင်ဘာလ (၂၉)ရက်နေ့က COVID 19 သံသယလက္ခဏာတစ်ခုဖြစ်သည့် အနံ့ပျောက်နေ၍ ခရိုင်ပြည်သူ့ဆေးရုံ၌ သံသယလူနာအဖြစ် သီးသန့်စောင့်ကြည့်ကုသပေးနေကာ စက်တင်ဘာလ (၃၀)ရက်နေ့၌ ဓာတ်ခွဲနမူနာအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် COVID 19 ပထမလှိုင်းကာလအတွင်းက တာချီလိတ်မြို့မှ အတည်ပြုလူနာ (၂)ဦးနှင့် မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ (၁)ဦးတို့ ရှိခဲ့ပြီး အဆိုပါ အတည်ပြုလူနာ (၃) ဦးလုံး ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသမှုခံယူခဲ့ကာ ဆေးရုံဆင်းနိုင်ခဲ့ပြီး ဒုတိယလှိုင်းတွင်လည်း ဆီလူးဒေသမှ တွေ့ခဲ့သည့် အတည်ပြုလူနာ (၃)ဦးမှာလည်း ကျိုင်းတုံဆေးရုံ၌ ကုသမှုခံယူခဲ့ကာ ဆေးရုံဆင်းနိုင်ခဲ့ပြီးဖြစ်သည်။
  Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~