လွိုင်ကော်မြို့ ရှိ Mytel ရုံးတွင် ဗုံးပေါက်ကွဲ 

Photo: CJ
Photo: CJ
လွိုင်ကော်မြို့ ရှိ Mytel ရုံးတွင် ဗုံးပေါက်ကွဲ 
သြဂုတ် 25, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်တပ်၏ စီးပွားရေးလုပ်ငန်းဖြစ်သည့် Mytel ရုံး၌ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့ ည (၇)နာရီကျော်ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။ 

အသံကတော့ အကျယ်ကြီးပဲ ။ ဗုံးပေါက်ကွဲတာတော့ မိုင်တဲ ရုံးရှေ့မှာ  ပေါက်ကွဲတာလို့ သိရတယ်။ လူတွေတော့ မထိခိုက်ဘူးထင်ပါတယ်။ ညဖက်ဆိုတော့ ဝန်ထမ်းလည်း မရှိလောက်ဘူး ။ ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

မင်္ဂလာရပ်ကွက်ရှိ Mytel ရုံးတွင် ည (၇)နာရီကျော်အချိန်၌ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ည (၈)နာရီ ညမထွက်ရအမိန့်ကြောင့် အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပါ။

လွိုင်ကော်မြို့ ကို ယခင်ညမထွက်ရအမိန့် ည (၁၀)နာရီမှ နံနက် (၄)နာရီအစား ဩဂုတ်လ (၂၃) ရက်နေ့မှစ၍ ည (၈)နာရီမှ နံနက် (၄) နာရီဟု အာဏာသိမ်းအဖွဲ့က ပြင်ဆင်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းအပြင် ဩဂုတ်လ (၂၃) ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်ရှိ mytel တာဝါတိုင် ဖေါက်ခွဲခံရသည်။