ကယားပြည်နယ် လွိုင်ကော် ပညာရေးကောလိပ်တွင် Quarantine ထားသည့် ရန်ကုန်ပြန်တစ်ဦးတွင် Covid-19 ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော် ပညာရေးကောလိပ်တွင် Quarantine ထားသည့် ရန်ကုန်ပြန်တစ်ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော် ပညာရေးကောလိပ်တွင် Quarantine ထားသည့် ရန်ကုန်ပြန်တစ်ဦးတွင် Covid-19 ပိုးတွေ့
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပညာရေးကောလိပ်တွင် ရန်ကုန်မှ ပြန်လာ၍ အသွားလာကန့်သတ်ထားသည့် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ စစ်ဆေးချက်အရ  သိရသည်။
အဆိုပါ အမျိုးသမီးမှာ ရန်ကုန်တွင် ဆေးအကူသူနာပြုသင်တန်း တက်ရောက်ခဲ့ပြီး  နိုဝင်ဘာလ (၂၇) ရက်နေ့၌ အခြားအမျိုးသမီးတစ်ဦးနှင့်အတူ အငှားကားဖြင့် ကယားပြည်နယ်သို့  ပြန်ရောက်လာခဲ့ပြီး လွိုင်ကော်မြို့ ပညာရေးကောလိပ်တွင် တိုက်ရိုက် Quarantine ဝင်ရောက်နေသူ ဖြစ်ကြောင်းသိရသည်။ 
" ဒီနေ့ အတည်ပြုလူနာ တစ်ယောက်ထပ်တွေ့ပါတယ်။ ရန်ကုန်ကပြန်လာပြီး  လွိုင်ကော် ပညာရေးကောလိပ် မှာ Q ဝင်နေတဲ့သူပါ။" ဟု လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 
အတည်ပြုလူနာနှင့်အတူ အငှားကားစီးလာသော အသက်(၃၂)နှစ်အရွယ် အမျိုးသမီးမှာ လတ်တလော RDT ဖြင့်စစ်ဆေးမှုအတွင်း ပိုးတွေ့ရှိခြင်းမရှိသော်လည်း ပညာရေးကောလိပ် တွင် ဆက်လက်ထားရှိပြီး ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ပိုးတွေ့ရှိသူအတည်ပြုလူနာ အမျိုးသမီးမှာ ကျန်းမာရေး ကောင်းမွန်လျှက်ရှိပြီး  လွိုင်ကော် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်း သိရသည်။ 
ကယားပြည်နယ်တွင် ဒီဇင်ဘာလ (၁)  ရက်နေ့ထိ Covid-19 ပိုးတွေ့ အတည်ပြုလူနာ (၂၄) ဦးရှိပြီ ဖြစ်ပြီး ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုထားသူ  (၁၇)ဦးရှိ နှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေသူ (၆)ဦးရှိသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ပုံ- ရွှေလွိုင်ကော်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~