လွိုင်ကော်မြို့နယ်အတွင်း ကုန်းဆွတ်ကျေးရွာအနီး KNDF နှင့်တိုက်ပွဲတွင် အာဏာသိမ်းတပ်ဘက်မှ (၁၀)ဦးထက် မနည်း ဒဏ်ရာရ

လွိုင်ကော်မြို့နယ်အတွင်း ကုန်းဆွတ်ကျေးရွာအနီး KNDF နှင့်တိုက်ပွဲတွင် အာဏာသိမ်းတပ်ဘက်မှ (၁၀)ဦးထက် မနည်း ဒဏ်ရာရ
သြဂုတ် 24, 2021 | နိုင်ငံရေး| ကယား

ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စုအတွင်းရှိ ကုန်းဆွတ်ကျေးရွာဘက်တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ နံနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့ ဖြစ်ပွားသည့် နာရီဝက်ကြာ တိုက်ပွဲတွင် အာဏာသိမ်းတပ်မှ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ကုန်းဆွတ်ဒေသဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် နံနက် (၆) နာရီခွဲဝန်းကျင်က နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ (၁၀) ဦးထက်မနည်း ဒဏ်ရာရသွားကာ KNDF မှလည်း (၁) ဦးထိခိုက်သည်ဟု ကနဦးသတင်းအရ သိရသည်ဟု PKPF ၏ သတင်းနှင့်ပြန်ကြားရေးဗျူရိုက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency