တာချီလိတ်မြို့နယ်အတွင်း မဲရုံ (၇၀) အနက် (၆၅)ရုံတွင် ညနေ (၄)နာရီမှစ၍ မဲရေတွက်မှုစတင်

တာချီလိတ်မြို့နယ်အတွင်း မဲရုံ (၇၀) အနက် (၆၅)ရုံတွင် ညနေ (၄)နာရီမှစ၍ မဲရေတွက်မှုစတင်
နိုဝင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မဲရုံ (၇၀) အနက် (၆၅)ရုံတွင် ညနေ (၄)နာရီမှစ၍ မဲရေတွက်မှုစတင်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ မဲရုံပေါင်း (၇၀)ရှိအနက် (၆၅)ရုံကို ညနေ (၄)နာရီ၌ ပိတ်လိုက်ပြီး မဲရေတွက်မှုစတင်နေကာ မဲရုံ (၅)ရုံတွင် ဆက်လက်မဲပေးနေသည်။

“မြို့ပေါ်က မယ်ခေါင်ရပ်ကွက် မိုးသောက်ကြယ်မဲရုံ၊ လွယ်တော်ခမ်းက ရေပူစမ်း (၁)ရုံ၊ စမ်းလု (၁) ရုံ၊ ကျိုင်းလပ်က မိုင်းပါလျှိုး၊ နမ့်ခင်းတို့ကျန်တယ်။ မဲပေးနေတဲ့သူတွေရှိနေသေးတဲ့ အဲဒီ (၅)ရုံပဲကျန်တယ်။ ကျန်တဲ့မဲရုံတွေ ပိတ်ပါပြီ”

ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံမှုကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း မဲရုံပေါင်း (၇၀)၊ မိုင်းဖြတ်မြို့နယ်၌ မဲရုံပေါင်း (၃၉)ရုံနှင့် မိုင်းယောင်းမြို့နယ်၌ မဲရုံပေါင်း (၆၈)ရုံ ဆန္ဒမဲပေးနေကြခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~