ကယားပြည်​နယ်​ လွှတ်​​တော်​အ​ဆောက်​အဦးသစ်​ ဖွင့်​လှစ်

ကယားပြည်​နယ်​ လွှတ်​​တော်​အ​ဆောက်​အဦးသစ်​ ဖွင့်​လှစ်
မေ 19, 2018
By Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်​နယ်​ လွှတ်​​တော်​အ​ဆောက်​အဦးသစ်​အား ၂၀၁၈ ခုနှစ် ​မေလ (၁၉)ရက်​​နေ့ နံနက်​ပိုင်​းတွင်​ ဖွင့်လှစ်​ခဲ့ပြီး အမျိုးသားလွှတ်​​တော်​ ဥက္ကဌ မန်​းဝင်​းခိုင်​သန်​း၊ ပြည်​သူ့လွှတ်​​တော်​ ဒုတိယဥက္ကဌ၊ ပြည်​နယ်​ဝန်​ကြီးချုပ်​နှင်​့ ဝန်​ကြီးများ၊ ပြည်နယ်နှင်​့တိုင်​း​ဒေသကြီးမှလွှတ်​​တော် ​ဥက္ကဌများ တတ်​​ရောက်​ခဲ့​ကြ​ကြောင်​း သိရသည်​။

ပြည်​သူအများစု လိုလား​တောင်​းတ​လျှက်​ရှိ​သော ဖက်​ဒရယ်​ဒီမိုက​ရေစီ နိုင်​ငံ​တော်​​ပေါ်​ပေါက်​လာ​နိုင်​​ရေး၊ ​ဒေသခံပြည်​သူလူထု၏ လိုလား​ချက်​များ၊​တောင်​းဆိုချက်​များအား ဖြည်​့ဆည်​း​ပေးနိုင်​​ရေးအတွက်​ လွှတ်​​တော်​ကိုယ်​စာလှယ်​များ​ဆောင်​ရွက်​ရမည်​့ ​​အောက်​​ခြေထိကွင်​းဆင်​း၍ ​မေးခွန်​းများ အဆိုများ တင်​သွင်​းပြီး ဥပ​ဒေများပြဌာန်​း၍ တာဝန်​​ကျေစွာ လုပ်​​ဆောင်​​ပေးကြရန်​ အမျိုးသားလွှတ်​​တော်​ ဥက္ကဌ မန်​းဝင်​းခိုင်​သန်​း က လွှတ်တော်အဆောက်အဦးသစ်ဖွင့်ပွဲတွင် ပြောကြားလိုက်သည်။

ကယားပြည်​နယ်​ လွှတ်​​တော်​အ​ဆောက်​အဦးအား ၂၀၁၇-၂၀၁၈ဘဏ္ဍာ​ရေးနှစ်​အတွင်​း တည်​​ဆောက်​ခဲ့ခြင်း ဖြစ်​ပြီး လွှတ်​​တော်​ရုံး အ​ဆောက်​အဦးအတွက် (၁၆၃၁.၄၆၀)သန်​း၊ ဧည့်တည်းခိုဆောင်များအတွက် (၁၇၃.၂၈၀)သန်​း၊ စားသောက်ခန်း(canteen) အတွက် (၁၀၉.၄၂၀)သန်​း၊ ဟစ်​တိုင်​နှင်​့ ဟစ်​တိုင်​ခြံစည်​း ရိုးအတွက်​ (၁၉.ဝဝ)သန်​း တို့ ကုန်​ကျခဲ့ပြီး တင်​ဒါ​အောင်​မြင်​ခဲ့​သော ဧရာမြတ်​ပြည်​ကုမ္ပဏီမှ တာဝန်​ယူ တည်​​ဆောက်​ခဲ့ခြင်​း ဖြစ်​သည်​။

သတင်း/ဓာတ်ပုံ - ဆန်​းဖြိုးထွန်​း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~