“ဝ”အမျိုးသားပါတီ ဒုဥက္ကဌ ဦးညီပလုပ်အား ယာယီ ဥက္ကဌအဖြစ် တာဝန်ပေး

“ဝ”အမျိုးသားပါတီ ဒုဥက္ကဌ ဦးညီပလုပ်အား ယာယီ ဥက္ကဌအဖြစ် တာဝန်ပေး
သြဂုတ် 23, 2021 | နိုင်ငံရေး

လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ ဥက္ကဌနေရာအတွက် ဒုဥက္ကဌ (၁) ဦးညီပလုပ်( Tax Nyi Pleek )အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃) ရက်နေ့တွင် တာဝန်ပေးကြောင်း ပါတီက ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အာဏာသိမ်းအဖွဲ့အား ထောက်ခံကြောင်း (၂၈) ပါတီ၏ သဘောထားထုတ်ပြန်ချက်၌ ပါတီဥက္ကဌ ဖြစ်သူ ဦးဆိုင်းပေါင်းနပ်သည် ပါဝင်လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ ပြင်းထန်စွာရှုံ့ချကြောင်း ဩဂုတ်လ (၆) ရက်နေ့တွင် ပါတီက ပြန်လည်ကြေညာချက် ထုတ်ခဲ့ပြီးနောက် ဩဂုတ်လ (၁၁) ရက်နေ့တွင် ဦးဆိုင်းပေါင်းနပ်က ရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

လစ်လပ်နေသည့် ပါတီဥက္ကဌနေရာတွင် ဒုဥက္ကဌ (၁) ဦးညီပလုပ်အား ယာယီဥက္ကဌအဖြစ် ထားရှိရန် ပါတီဗဟိုကော်မတီဝင်များက ဩဂုတ်လ (၂၀) ရက်နေ့က ကျင်းပသည့် အရေးပေါ်အစည်းအဝေးတွင် အများသဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

 ပါတီတွင်းပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်သွားရန်နှင့်  အရေးပေါ် ပါတီညီလာခံအား အမြန်ဆုံးခေါ်ယူကျင်းပနိုင်ရေးတို့ကိုပါ အဆိုပါ အရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပါတီ ဒုဥက္ကဌ (၁) ဦးညီပလုပ် ( Tax Nyi Pleek )သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဟိုပန်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး  

"ဝ" တိုင်းရင်းသားစာပေဆိုင်ရာလုပ်ငန်း အကြံပေးပုဂ္ဂိုလ်နှင့် "ဝ" သမိုင်းပြုစုရေးကော်မတီ ဝင်တစ်ဦး ဖြစ်သည်ဟု သိရသည်။

 

ဆက်စပ်သတင်း ( နိပ်ရန် )