ကျိုင်းတုံမြို့နယ်က ပညာရေးဌာနမှ ဆရာ ဆရာများ ဖဲကြိုးနီ ကမ်ပိန်း လုပ်ဆောင်

ကျိုင်းတုံမြို့နယ်က ပညာရေးဌာနမှ ဆရာ ဆရာများ ဖဲကြိုးနီ ကမ်ပိန်း လုပ်ဆောင်
ဖေဖော်ဝါရီ 6, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ပညာရေးဌာနက ဆရာ၊ဆရာမများသည် အာဏာရှင် စစ်အစိုးရလက်အောက်တွင် တာဝန်မထမ်းဆောင်နိုင်ကြောင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ဖဲကြိုးနီ ကမ်ပိန်း လုပ်ဆောင်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အား အမြန်ဆုံး လွှတ်ပေးရန် နှင့် ၂၀၂၀ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပြီး အနိုင်ရပါတီအား အာဏာအမြန်ဆုံး ပြန်လည်အပ်နှင်းပေးရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကာ တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ပညာရေးဝန်ထမ်းများ နှင့် ကျန်းမာရေးဝန်ထမ်းများမှာ လုပ်ငန် စစ်အစိုးရလက်အောက်တွင် တာဝန်မထမ်းလိုတော့သည့် ကမ်ပိန်းများ နှင့် ဖဲကြိုးနီကမ်ပိန်များကို ဖေဖော်ဝါရီလ (၃)ရက်နေ့ကတည်းက စ၍ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

Tachileik News Agency

ဓါတ်ပုံ - Meesaw