ကျောက်မဲမြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအတွက် လူငယ် Tattoo ဆရာများက ရန်ပုံငွေ ရှာဖွေ 

ကျောက်မဲမြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအတွက် လူငယ် Tattoo ဆရာများက ရန်ပုံငွေ ရှာဖွေ 
ဖေဖော်ဝါရီ 23, 2021 | နိုင်ငံရေး| ရှမ်းမြောက်

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ပြီး အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်နေသည့် ပြည်သူ့ဝန်ထမ်းများအား ကူညီပံ့ပိုးရေး ရန်ပုံငွေအတွက် လူငယ် Tattoo ဆရာ (၉) ဦးက Tattoo ထိုးပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့မှစ၍ လုပ်ဆောင်နေရာ ရန်ပုံငွေ (၆)သိန်းကျော် ရထားပြီဖြစ်ကြောင်း သိရသည်။



ရန်ပုံငွေတက်တူးထိုးခြင်းကို ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ(၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်လက်မခံသည့် ပြည်သူများက ငြိမ်းချမ်းသည့်နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်ခြင်းကို ဆက်တိုက်လုပ်ဆောင်နေကြပြီး ပြည်သူအချင်းချင်း ကူညီပံ့ပိုးပေးခြင်းကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။



Tachileik News Agency

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...