ညောင်‌ရွှေအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာတစ်ဦး ကွယ်လွန်

ညောင်‌ရွှေအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာတစ်ဦး ကွယ်လွန်
သြဂုတ် 23, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိ ညောင်ရွှေအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းဆရာတစ်ဦး Covid-19 ကူးစက်ခံထားရပြီး သေဆုံးသွားကြောင်း  တောင်ကြီးမြို့နယ်အခြေခံကျောင်းသားများသမဂ္ဂက ဩဂုတ်လ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

သေဆုံးသွားသူမှာ တောင်ကြီးမြို့နယ် သိမ်ကုန်းကျေးရွာမှ အသက်(၂၆)နှစ်အရွယ်ရှိ မူလတန်းပြဆရာဦးစိုးစိုးလွင် ဖြစ်သည်။

"မနေ့က နှလုံးရောဂါအခံနဲ့ အသက် (၂၅)နှစ်အရွယ် တစ်ယောက်၊ အဲဒီကို (ထောင်သို့) ရောက်တော့ ဆုံးသွားတယ်။ နေပူဆာ လှုံနေတဲ့ အချိန်မှာ ရုတ်တရက် လဲကျပြီး ဆုံးသွားတာ၊ ကျန်တာတော့ မသိပါဘူး။"ဟု ရှမ်းပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဩဂုတ်လ(၂၃)ရက်နေ့တွင် Kanbawza Tai News သို့ ပြန်လည်ဖြေကြားချက်အရ သိရသည်။   

 

ကွယ်လွန်သွားသူ ကျောင်းဆရာ ဦးစိုးလွင်လွင်သည် မည်သည့်နေ့က ဖမ်းဆီးခံရပြီး မည်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကိုတော့  အသေးစိတ် စုံစမ်း၍ မသိရပါ။