ျပည္နယ္ႏွင့္ တိုင္းအဆင့္ အသက္ (၂၅)ႏွစ္ေအာက္ ေဘာ္လီေဘာၿပိဳင္ပြဲကို ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္ လက္ခံက်င္းပ

ျပည္နယ္ႏွင့္ တိုင္းအဆင့္ အသက္ (၂၅)ႏွစ္ေအာက္ ေဘာ္လီေဘာၿပိဳင္ပြဲကို ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္ လက္ခံက်င္းပ
မေ 22, 2019
By 🌸
ျပည္နယ္ႏွင့္ တိုင္းအဆင့္ အသက္(၂၅)ႏွစ္ေအာက္ အမ်ိဳးသား၊အမ်ိဳးသမီး ေဘာလီေဘာၿပိဳင္ပြဲကို  ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္ ေတာင္ႀကီးၿမိဳ႕ ျပည္နယ္ေလ့က်င့္ေရးႏွင့္ အားကစားရံုတြင္ ၂၀၁၉ ခုႏွစ္ ေမလ (၂၂) ရက္ေန႔မွစ၍ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

" အမ်ဳိးသားအသင္းက (၁၅) သင္းရိွတယ္။ အမ်ဳိးသမီး (၁၁) သင္းလာၿပိဳင္မွာေပါ့။ (၃၁) ရက္ေန႔က ေနာက္ဆံုးဗိုလ္လုပြဲေပါ့။ ရွမ္းျပည္နယ္အသင္း ဗိုလ္စြဲရင္ေတာ့ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က သီးသန္႔ဆုခ်ီးျမႇင့္မယ္လို႔ ကတိေပးထားတာေပါ့။ ခါတိုင္းကေတာ့ ဒီပြဲေတြအားလံုးက ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးမွာ လုပ္တာေပါ့။ ဒီႏွစ္မွာေတာ့ ရွမ္းျပည္နယ္ကေန ဝန္ႀကီးဌာနနဲ႔ညိႇႏိႈင္းၿပီးေတာ့ အိမ္ရွင္အေနနဲ႔လုပ္တာေပါ့"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမွဳေရးဝန္ႀကီး၊ ရွမ္းျပည္နယ္ အားကစားႏွင့္ကာယပညာေကာ္မတီ ဥကၠဌ ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါၿပိဳင္ပြဲမ်ားကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔က ႀကီးမွဴးက်င္းပျခင္းျဖစ္ၿပီး တုုိင္းေဒသႀကီး ႏွင့္ျပည္နယ္အသီးသီးမွ အသက္(၂၅)ႏွစ္ေအာက္ အမ်ိဳးသား(၁၅)သင္းႏွင့္ အမ်ိဳးသမီး(၁၁)သင္းတို႔ ေမလ (၂၂)ရက္ေန႔မွ ေမလ(၃၁)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

တုိင္းႏွင့့္ျပည္နယ္ၿပိဳင္ပြဲအား ရွမ္းျပည္နယ္တြင္ လက္ခံက်င္းပရျခင္းမွာ
 ျပည္နယ္တြင္း အားကစားက႑ဖြံ႕ၿဖိဳးတိုးတက္ေစရန္၊ ေဘာ္လီေဘာအားကစားနည္းကို ရွမ္းျပည္နယ္ေနရာအႏွံ႔တြင္ က်ယ္က်ယ္ျပန္႔ျပန္႔ကစားလာေစရန္ႏွင့္ ျမန္မာ့လက္ေရြးစင္အားကစားသမားမ်ား ထြက္ေပၚလာၿပီး ႏုိင္ငံတကာၿပိဳင္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ရန္၊ တိုင္းႏွင့္ျပည္နယ္အဆင့္ အားကစားပြဲမ်ားကို မိမိေဒသတြင္ ၾကည့္႐ႈႏိုင္ရန္ ရည္ရြယ္ၿပီး အိမ္ရွင္အျဖစ္လက္ခံက်င္းပျခင္းျဖစ္သည္ဟု သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ပြည်နယ်နှင့် တိုင်းအဆင့် အသက် (၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပ
***********
ပြည်နယ်နှင့် တိုင်းအဆင့် အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီး ဘောလီဘောပြိုင်ပွဲကို  ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးနှင့် အားကစားရုံတွင် ၂၀၁၉ ခုနှစ် မေလ (၂၂) ရက်နေ့မှစ၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

" အမျိုးသားအသင်းက (၁၅) သင်းရှိတယ်။ အမျိုးသမီး (၁၁) သင်းလာပြိုင်မှာပေါ့။ (၃၁) ရက်နေ့က နောက်ဆုံးဗိုလ်လုပွဲပေါ့။ ရှမ်းပြည်နယ်အသင်း ဗိုလ်စွဲရင်တော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သီးသန့်ဆုချီးမြှင့်မယ်လို့ ကတိပေးထားတာပေါ့။ ခါတိုင်းကတော့ ဒီပွဲတွေအားလုံးက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမှာ လုပ်တာပေါ့။ ဒီနှစ်မှာတော့ ရှမ်းပြည်နယ်ကနေ ဝန်ကြီးဌာနနဲ့ညှိနှိုင်းပြီးတော့ အိမ်ရှင်အနေနဲ့လုပ်တာပေါ့"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါပြိုင်ပွဲများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး တုုိင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှ အသက်(၂၅)နှစ်အောက် အမျိုးသား(၁၅)သင်းနှင့် အမျိုးသမီး(၁၁)သင်းတို့ မေလ (၂၂)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တိုင်းနှင့့်ပြည်နယ်ပြိုင်ပွဲအား ရှမ်းပြည်နယ်တွင် လက်ခံကျင်းပရခြင်းမှာ
 ပြည်နယ်တွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ဘော်လီဘောအားကစားနည်းကို ရှမ်းပြည်နယ်နေရာအနှံ့တွင် ကျယ်ကျယ်ပြန့်ပြန့်ကစားလာစေရန်နှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများ ထွက်ပေါ်လာပြီး နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်၊ တိုင်းနှင့်ပြည်နယ်အဆင့် အားကစားပွဲများကို မိမိဒေသတွင် ကြည့်ရှုနိုင်ရန် ရည်ရွယ်ပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net