ရွာငံမြို့နယ်ရှိ ရေပြာအိုင်သွားလမ်းမကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်း (၁၈၀၀)ကျော် အကုန်အကျခံကာ ၂၀၁၉ နှစ်ဝက်အတွင်း ခင်းကျင်းလှူဒါန်းပေးသွားမည်
ရွာငံမြို့နယ်ရှိ ရေပြာအိုင်သွားလမ်းမကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်း (၁၈၀၀)ကျော် အကုန်အကျခံကာ ၂၀၁၉ နှစ်ဝက်အတွင်း ခင်းကျင်းလှူဒါန်းပေးသွားမည်
ဧပွီ 6, 2019
By Tachileik News Agency
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း - ရွာငံသွား လမ်းမကြီးပေါ် ရေပြာအိုင်သို့သွားရာ အ၀င်လမ်း (၁) မိုင်အရှည်ကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်းပေါင်း (၁,၈၅၈) အကုန်အကျခံကာ  ကျောက်ကတ္တရာလမ်းအဖြစ် ၂၀၁၉ခုနှစ်၏ နှစ်ဝက်အတွင်း ခင်းကျင်းလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအဖြစ် တောင်ကြီး ဆူဠာမုနိဘုရားရင်ပြင်တွင် ကားပါကင်ဧရိယာကို ကျပ်သိန်း (၁,၆၀၀) အကုန်အကျခံပြီး နိုင်လွန်ကတ္တရာခင်းကျင်းခြင်းဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် လိုအပ်သည့်နေရာများတွင် လှူဒါန်းမှုများလုပ်ဆောင်ရန် ရည်ရွယ်ဆောင်ရွက်နေကြောင်းသိရသည်။
တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ၂၀၁၈ ခုနှစ်တွင် တောင်ကြီးမြို့ ဆူဠာမုနိစတီတော်ရင်ပြင်တော် အတက်အဆင်းလမ်းနှင့် ကားပါကင်ဧရိယာနိုင်လွန် ကတ္တရာခင်းခြင်း အပါအ၀င် စာသင်ကျောင်းများနှင့် ပရဟိတကျောင်းများတွင် ကျပ်သိန်း (၂,၀၀၀) နီးပါး အသုံးပြုလှူဒါန်းခဲ့ကြောင်း၊  ၂၀၁၉ ခုနှစ်တွင် ရေပြာအိုင်အ၀င်လမ်းခင်းခြင်းအပါအ၀င် အခြားလှူဒါန်းမှုများအတွက် ကျပ်သိန်း (၃,၀၀၀)သတ်မှတ်လျာထားကြောင်း သိရသည်။
မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီးကို ဆောက်လုပ်ရေးကုမ္ပဏီ (၃)ခုအား B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားရာ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းအား ၂၀၀၈ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး ယခုအခါမှာ အဆိုပါ လမ်းပိုင်းအား (၄၈)ပေအကျယ် (၄)လမ်းသွား AC ကတ္တရာကွန်ကရစ်လမ်းမကြီးအဖြစ် လုပ်ဆောင်နေခြင်း ဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း - ရွာငံသွား လမ်းမကြီးပေါ် ရပြောအိုင်သို့သွားရာ အဝင်လမ်း (၁) မိုင်အရှည်ကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်းပေါင်း (၁,၈၅၈) အကုန်အကျခံကာ ကျောက်ကတ္တရာလမ်းအဖြစ် ၂၀၁၉ခုနှစ်၏ နှစ်ဝက်အတွင်း ခင်းကျင်းလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အရှည် (၁) မိုင်။ ကျောက်ကတ္တရာခင်းသွားဖို့ စဉ်းစားထားတယ်။ ပထမတုန်းကတော့ ကွန်ကရစ်ခင်းမလို့ လျာထားတယ်။ ကွန်ကရစ်ကျရင် အချိန်ကြာမှာစိုးလို့ ကျောက်ကတ္တရာခင်းဖို့ စဉ်းစားထားတယ်။ အကျယ်က (၁၆)ပေပေါ့။ ကလော - တောင်ကြီး လမ်းဖွင့်ပွဲပြီးတဲ့ (၅) လပိုင်း ကုန် (၆) လပိုင်းလောက်ခင်းဖြစ်မယ်။ အခုလောလောဆယ် အရေးကြီးတဲ့ လမ်းပိုင်းတွေလုပ်နေလို့ မိုးတွင်းမဝင်ခင် လုပ်ဖို့လျာထားပါတယ်။ "ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးထွန်းထွန်းလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီအနဖြေင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအဖြစ် တောင်ကြီး ဆူဠာမုနိဘုရားရင်ပြင်တွင် ကားပါကင်ဧရိယာကို ကျပ်သိန်း (၁,၆၀၀) အကုန်အကျခံပြီး နိုင်လွန်ကတ္တရာခင်းကျင်းခြင်းဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် လိုအပ်သည့်နေရာများတွင် လှူဒါန်းမှုများလုပ်ဆောင်ရန် ရည်ရွယ်ဆောင်ရွက်နေကြောင်းသိရသည်။
တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီအနဖြေင့် ၂၀၁၈ ခုနှစ်တွင် တောင်ကြီးမြို့ ဆူဠာမုနိစတီတော်ရင်ပြင်တော် အတက်အဆင်းလမ်းနှင့် ကားပါကင်ဧရိယာနိုင်လွန် ကတ္တရာခင်းခြင်း အပါအဝင် စာသင်ကျောင်းများနှင့် ပရဟိတကျောင်းများတွင် ကျပ်သိန်း (၂,ဝဝဝ) နီးပါး အသုံးပြုလှူဒါန်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရပြောအိုင်အဝင်လမ်းခင်းခြင်းအပါအဝင် အခြားလှူဒါန်းမှုများအတွက် ကျပ်သိန်း (၃,ဝဝဝ)သတ်မှတ်လျာထားကြောင်း သိရသည်။
မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီးကို ဆောက်လုပ်ရေးကုမ္ပဏီ (၃)ခုအား B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားရာ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းအား ၂၀၀၈ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး ယခုအခါမှာ အဆိုပါ လမ်းပိုင်းအား (၄၈)ပေအကျယ် (၄)လမ်းသွား AC ကတ္တရာကွန်ကရစ်လမ်းမကြီးအဖြစ် လုပ်ဆောင်နခြေင်း ဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net