ေတာင္ႀကီးၿမိဳ႕ ဆအတ(၃)မွ အရာခံဗိုလ္၏ ေနအိမ္လိုင္းခန္းတြင္ လူ(၄)ဦး အသတ္ခံရမႈ စစ္ဘက္ဥပေဒျဖင့္ အေရးယူမည္

ေတာင္ႀကီးၿမိဳ႕ ဆအတ(၃)မွ အရာခံဗိုလ္၏ ေနအိမ္လိုင္းခန္းတြင္ လူ(၄)ဦး အသတ္ခံရမႈ စစ္ဘက္ဥပေဒျဖင့္ အေရးယူမည္
သြဂုတ် 22, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ လူ(၄)ဦးေသဆံုးသြားသည့္ ဓါးထိုးမႈျဖစ္ပြားရာ ေနအိမ္လိုင္းခန္းမွာ ဆက္သြယ္ေရးအင္ဂ်င္နီယာတပ္အတြင္းျဖစ္ၿပီး ပုဒ္မ ၁၄၄ ထုတ္ျပန္ထားသည့္ ကန္႔သတ္ဧရိယာနယ္ေျမအတြင္း တန္းျပည့္စစ္မႈထမ္းေနခ်ိန္ျဖစ္သျဖင့္ စစ္ဘက္ဥပေဒျဖင့္သာ အေရးယူသြားမည္ျဖစ္ေၾကာင္း ၾသဂုတ္လ (၂၁)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ေတာင္ႀကီးၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္မွ ေသဆံုးသူမ်ားအား မဆရ(၂) ရင္ခြဲရံု၌ ၾသဂုတ္လ (၂၁)ရက္ေန႔ နံနက္(၈)နာရီအခ်ိန္၌ ရင္ခြဲစစ္ေဆးၿပီး ၾသဂုတ္လ(၂၂)ရက္ေန႔တြင္ သၿဂိဳလ္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၊ ေရႊဘုန္းပြင့္ဘုရားအတက္လမ္းရိွ ဆအတ(၃) တပ္အတြင္း အရာခံဗိုလ္ စိုးမိုးထြန္း၏ ေနအိမ္လိုင္းခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၀)ရက္ေန႔ ည (၆)နာရီခန္႔က ဓါးထိုးမႈျဖစ္ပြားရာ လူ(၄)ဦးေသဆံုးသြားေၾကာင္း ၾသဂုတ္လ(၂၁)ရက္ေန႔ ေန႔လယ္(၂)နာရီ (၅၀)မိနစ္၌ အဆိုပါတပ္မွ တာဝန္ရိွသူတစ္ဦးက ေတာင္ႀကီးၿမိဳ႕မရဲစခန္းသို႔ လာေရာက္ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ဓါးထိုးမႈေၾကာင့္ အရာခံဗုိလ္ စိုးမိုးထြန္း၏ဇနီး အသက္(၃၇)ႏွစ္အရြယ္ ေဒၚအိအိမိုးမွာ ဝဲဘက္ ရင္အံုတြင္ ဓါးဒဏ္ရာ(၁)ခ်က္၊ ယာဘက္ရင္အုံတြင္ ဓါးဒဏ္ရာ (၂)ခ်က္ စုစုေပါင္း ဓါးဒဏ္ရာ(၃)ခ်က္ျဖင့္လည္းေကာင္း၊ အရာခံဗိုလ္ စိုးမိုးထြန္း၏သမီး အသက္(၅)ႏွစ္အရြယ္ မေမရွင္းသန္႔ျဖဴမွာ ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာ(၄)ခ်က္၊ ရင္ဘတ္ထိုးသြင္းဒဏ္ရာ (၉)ခ်က္၊ ေနာက္ေက်ာထိုးသြင္းဒဏ္ရာ(၂)ခ်က္၊ ယာဘက္တံေတာင္ဆစ္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္ စုစုေပါင္း ဓါးဒဏ္ရာ (၁၆)ခ်က္ျဖင့္လည္းေကာင္း၊ ဆအတ(၃)ေလသန္႔ဌာနမွ အသက္(၃၀)အရြယ္ ဒုအရာခံဗိုလ္ ေအာင္ဆန္းဝင္းမွာ ေနာက္ေက်ာ ထိုးသြင္းဒဏ္ရာ (၁)ခ်က္ျဖင့္လည္းေကာင္း၊ ဆအတ(၃) ေလသန္႔ဌာနမွ အသက္(၂၅)ႏွစ္အရြယ္ တပ္ၾကပ္ႀကီး လြမ္းေဝေအာင္မွာ ဝဲဘက္ရင္အံု ထိုးသြင္းဒဏ္ရာ (၁)ခ်က္တို႔ျဖင့္လည္းေကာင္း အခင္းျဖစ္ေနရာတြင္ ေသဆံုးေနခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံသို႔ အေၾကာင္းၾကားခ်က္အရ သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့ ဆအတ(၃)မှ အရာခံဗိုလ်၏ နေအိမ်လိုင်းခန်းတွင် လူ(၄)ဦး အသတ်ခံရမှု စစ်ဘက်ဥပဒေဖြင့် အရေးယူမည်
************
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် လူ(၄)ဦးသေဆုံးသွားသည့် ဓါးထိုးမှုဖြစ်ပွားရာ နေအိမ်လိုင်းခန်းမှာ ဆက်သွယ်ရေးအင်ဂျင်နီယာတပ်အတွင်းဖြစ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ကန့်သတ်ဧရိယာနယ်မြေအတွင်း တန်းပြည့်စစ်မှုထမ်းနေချိန်ဖြစ်သဖြင့် စစ်ဘက်ဥပဒေဖြင့်သာ အရေးယူသွားမည်ဖြစ်ကြောင်း သြဂုတ်လ (၂၁)ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့မရဲစခန်းသို့ အကြောင်းကြားထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ သေဆုံးသူများအား မဆရ(၂) ရင်ခွဲရုံ၌ သြဂုတ်လ (၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်၌ ရင်ခွဲစစ်ဆေးပြီး သြဂုတ်လ(၂၂)ရက်နေ့တွင် သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားအတက်လမ်းရှိ ဆအတ(၃) တပ်အတွင်း အရာခံဗိုလ် စိုးမိုးထွန်း၏ နေအိမ်လိုင်းခန်းတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့ ည (၆)နာရီခန့်က ဓါးထိုးမှုဖြစ်ပွားရာ လူ(၄)ဦးသေဆုံးသွားကြောင်း သြဂုတ်လ(၂၁)ရက်နေ့ နေ့လယ်(၂)နာရီ (၅၀)မိနစ်၌ အဆိုပါတပ်မှ တာဝန်ရှိသူတစ်ဦးက တောင်ကြီးမြို့မရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓါးထိုးမှုကြောင့် အရာခံဗိုလ် စိုးမိုးထွန်း၏ဇနီး အသက်(၃၇)နှစ်အရွယ် ဒေါ်အိအိမိုးမှာ ဝဲဘက် ရင်အုံတွင် ဓါးဒဏ်ရာ(၁)ချက်၊ ယာဘက်ရင်အုံတွင် ဓါးဒဏ်ရာ (၂)ချက် စုစုပေါင်း ဓါးဒဏ်ရာ(၃)ချက်ဖြင့်လည်းကောင်း၊ အရာခံဗိုလ် စိုးမိုးထွန်း၏သမီး အသက်(၅)နှစ်အရွယ် မမေရှင်းသန့်ဖြူမှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ (၉)ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာဘက်တံတောင်ဆစ် ထိုးသွင်းဒဏ်ရာ(၁)ချက် စုစုပေါင်း ဓါးဒဏ်ရာ (၁၆)ချက်ဖြင့်လည်းကောင်း၊ ဆအတ(၃)လေသန့်ဌာနမှ အသက်(၃၀)အရွယ် ဒုအရာခံဗိုလ် အောင်ဆန်းဝင်းမှာ နောက်ကျော ထိုးသွင်းဒဏ်ရာ (၁)ချက်ဖြင့်လည်းကောင်း၊ ဆအတ(၃) လေသန့်ဌာနမှ အသက်(၂၅)နှစ်အရွယ် တပ်ကြပ်ကြီး လွမ်းဝေအောင်မှာ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်တို့ဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားချက်အရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~