'ဝ' ဒေသ ပန်ခမ်းတွင် တစ်မြို့လုံးအနေဖြင့် လူပေါင်း (၅၂,၉၂၂)ဦးကို Covid-19 အခမဲ့ဆေးပေးရာ ပိုးမတွေ့၍ ပုံမှန်အတိုင်း သွားလာခွင့်ပြု

Photo: WSTV
Photo: WSTV
 'ဝ' ဒေသ ပန်ခမ်းတွင် တစ်မြို့လုံးအနေဖြင့် လူပေါင်း (၅၂,၉၂၂)ဦးကို Covid-19 အခမဲ့ဆေးပေးရာ ပိုးမတွေ့၍ ပုံမှန်အတိုင်း သွားလာခွင့်ပြု
သြဂုတ် 22, 2021 | Covid-19

UWSA ၏နယ်မြေ 'ဝ' ဒေသ ပန်ခမ်းတွင် ဒုတိယအကြိမ်အဖြစ် မြို့လုံးကျွတ် အာခေါင် တို့ဖတ်စစ်ဆေးခြင်းကို ပန်ခမ်းမြို့ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက လုပ်ဆောင်နေရာ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၈) ရက်မှ (၂၁) ရက်နေ့အထိ လူပေါင်း (၅၂,၉၂၂)ဦးကို Covid-19 အခမဲ့ စစ်ဆေးပေးခဲ့ရာတွင် တစ်ဦးမှ ပိုးမတွေ့ရကြောင်း သိရသည်။

ပန်ခမ်းတစ်မြို့လုံးတွင် Covid-19 ပိုးမတွေ့ရသည့်အတွက် ပန်ခမ်းမြို့ covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ခွင့်ပြုချက်အရ ပန်ခမ်းမြို့အတွင်း ဤကနေ့ သြဂုတ်လ (၂၁)ရက်နေ့ ည ၈:၀၀နာရီအချိန်မှ စ၍ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်လည်း အသိပေးထားရှိသည်။ 

 

UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် ဝ ဒေသ အတွင်းရှိ ဒေသအားလုံးတွင် COVID 19 ကာကွယ်ရေးအတွက် ပြင်ပမှအဝင်အထွက်ကန့်သတ်ထားကာ ဒေသတွင်းနေထိုင်သူအားလုံးကို အာခေါင်တို့ဖတ်စစ်ဆေးခြင်းအား အခမဲ့ပြုလုပ်ပေးနေကြောင်း သိရသည်။