တာချီလိတ်မြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များကို လိုက်နာမှုအားနည်းနေ၍ အရေးယူမှုများဖြင့်ပါ တင်းကြပ်ဆောင်ရွက်မည်

တာချီလိတ်မြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များကို လိုက်နာမှုအားနည်းနေ၍ အရေးယူမှုများဖြင့်ပါ တင်းကြပ်ဆောင်ရွက်မည်
စက်တင်ဘာ 7, 2020
By Tachileik News Agency
 
တာချီလိတ်မြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များကို လိုက်နာမှုအားနည်းနေ၍ အရေးယူမှုများဖြင့်ပါ တင်းကြပ်ဆောင်ရွက်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း COVID-19 ကာကွယ်ရေးထိန်းချုပ်ရေးအတွက် လိုက်နာရမည့် လမ်းညွှန်ချက်များကို လိုက်နာမှုအားနည်းနေ၍ အသိပညာပေးမှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန်အပြင် တင်းတင်းကြပ်ကြပ် အရေးယူမှုများကိုပါ လုပ်ဆောင်မည်ဟု သိရသည်။
"အခုလိုကူးစက်မြန်တဲ့ ပိုးတစ်မျိုးရှိနေတဲ့အချိန်မှာ သတိဆိုတာ ပိုတယ်မရှိဘူး။ အမြဲတမ်း သတိထားရမယ်။ ငါတို့ တာချီလိတ်မှာမဖြစ်သေးဘူးဆိုပြီး အဲဒီလိုနေလို့ကတော့ ကျွန်တော်တို့လည်း ခပ်ပေါ့ပေါ့နေရင် အခု ရခိုင်လိုပဲ၊ ရန်ကုန်လိုမျိုးပဲ၊ မြင်းခြံလိုမျိုးပဲ တစ်ချိန်မှာဖြစ်သွားနိုင်တယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီမှတစ်ဆင့် ပြောသည်။
COVID-19 ပထမလှိုင်းတွင် ကူးစက်မှုနည်းပါးခဲ့သဖြင့် ဒုတိယအကြိမ်ဖြစ်ပွားချိန်၌  ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအား လိုက်နာသူနည်းလာသော်လည်း ဒုတိယလှိုင်းတွင် တွေ့ရသည့် COVID 19 ပိုးမှာ ယခင်က ကူးစက်မှုနှုန်းပိုများသည်ကို တွေ့ထားရကြောင်း ကျန်းမာရေးက သတိပေးထားသည်။
COVID-19 ရောဂါပိုးတွေ့ရှိပါက အဆိုပါရပ်ကွက်များကို Lock Down ချထားရမည်ဖြစ်ရာ ရပ်ကွက်များအတွင်း နေထိုင်သူများ အစစအရာရာ အခက်အခဲဖြစ်နိုင်၍ ရောဂါကူးစက်ခြင်းမရှိစေရန် တတ်နိုင်သမျှ လူစုလူဝေးရှောင်ရန်၊ နေအိမ်တွင်သာ နေထိုင်ရာ၊ မဖြစ်မနေ အပြင်ထွက်ရပါက Mask ကို နည်းလမ်းမှန်စွာ တပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောရန်၊ လူအများထိတွေ့ကိုင်တွယ်သည့် ပစ္စည်းများအား ထိတွေ့ထားသည့်လက်ဖြင့် မျက်စိ၊ နား၊ နှာခေါင်းတို့အား မကိုင်မိစေရန် သတိထားရန်တို့ကို တိုက်တွန်းထားသည်။

Tachileik News Agency

 သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~