ကျိုင်းတုံမြို့နယ်အတွင်း ဈေးများယာယီပိတ်ထားသည့် ကာလအတွင်း ရောင်းသူ ဝယ်သူ အဆင်ပြေရေး အသားသည်များ၏ ရောင်းချနေရာနှင့် ဆက်သွယ်ရန်များကို စည်ပင်က အသိပေး ကြေညာထား

ကျိုင်းတုံမြို့နယ်အတွင်း ဈေးများယာယီပိတ်ထားသည့် ကာလအတွင်း ရောင်းသူ ဝယ်သူ အဆင်ပြေရေး အသားသည်များ၏ ရောင်းချနေရာနှင့် ဆက်သွယ်ရန်များကို စည်ပင်က အသိပေး ကြေညာထား
သြဂုတ် 20, 2021 | Covid-19| ရှမ်းရှေ့

Covid-19 ကာလအတွင်း ဈေးများအားလုံး ယာယီပိတ်ထားရသည့် ကျိုင်းတုံမြို့တွင် ရောင်းသူ နှင့် ဝယ်သူအကြား အဆင်ပြေရေးအတွက် အသားသည်များ  ရောင်းချသည့် နေရာများ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ကျိုင်းတုံစည်ပင်သာယာရေးဌာနက အများသိသာရန်အတွက် ဖော်ပြပေးထားသည်။

Covid-19 ကူးစက်မှုမြှင့်တက်နေသည့် ကျိုင်းတုံမြို့တွင် မြို့နယ်အတွင်းရှိ ဈေးများ နှင့် ပျံကျဈေးများအားလုံး ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့က စတင်ကာ ဩဂုတ်လ(၂၈)ရက်နေ့အထိ ယာယီပိတ်သိမ်းထားသည့်အတွက် ဈေးသည်များအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်ရှိ နေအိမ်များတွင် Covid-19 ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ဩဂုတ်လ(၁၉)ရက်နေ့က စ၍ ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။ 

ကျိုင်းတုံမြို့နယ်တွင် Covid-19  တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ  ဩဂုတ်လ (၁၉) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၈၀၂) ဦး တွေ့ထားသည့်အနက် ဆေးရုံဆင်းသူ (၃၉၂) ဦး၊ သေဆုံးသူ (၁၀) ဦးနှင့် ကုသမှုခံယူဆဲ (၄၀၀) ဦးရှိသည်ဟု သိရသည်။