ရခိုင်နှင့် ရန်ကုန်မှလာသူ (၁၅)ဦးကို တာချီလိတ် မြို့ဝင်နှင့် လေဆိပ်များတွင် စိစစ်ကာ facility quarantine သတ်မှတ်ထား

ရခိုင်နှင့် ရန်ကုန်မှလာသူ (၁၅)ဦးကို တာချီလိတ် မြို့ဝင်နှင့် လေဆိပ်များတွင် စိစစ်ကာ facility quarantine သတ်မှတ်ထား
စက်တင်ဘာ 6, 2020
By Tachileik News Agency
ရခိုင်နှင့် ရန်ကုန်မှလာသူ (၁၅)ဦးကို တာချီလိတ် မြို့ဝင်နှင့် လေဆိပ်များတွင် စိစစ်ကာ facility quarantine သတ်မှတ်ထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရခိုင်နှင့် ရန်ကုန်မှ ဝင်လာသူများကို လေဆိပ်၊ မြို့အဝင်ဂိတ်များတွင် စိစစ်ပြီး နေရာ (၃) နေရာ၌ facility quarantine ထားရှိနေရာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့အထိ quarantine ဝင်နေသူ (၁၅) ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့အဝင်ဂိတ်တွေရယ်၊ လေဆိပ်တွေရယ်ကနေ ဝင်လာသူတွေကို ခရီးသွားရာဇဝင်စိစစ်ပြီး ရောဂါဖြစ်ပွားမှုများနေတဲ့ဒေသတွေဖြစ်တဲ့ ရန်ကုန်၊ ရခိုင်ကနေ ဝင်လာသူတွေကို တာချီလိတ်မြို့တွင်း မိုးကုတ်ဝိပဿနာနားက ကိုလောတာခြံရယ်၊ ဝှေလေလန်ရယ်၊ ကျိုင်းလပ်ရယ်မှာ ထားထားတယ်။ နောက်ပိုင်းမှာ hotel quarantine ဝင်ချင်သူတွေအတွက်လည်း အဆင်ပြေအောင် ဟိုတယ်အသင်းကို စာရင်းတင်ဖို့ပြောထားတယ်။ လောလောဆယ်တော့ တင်လာတာမရှိသေးဘူး”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့သို့ လေကြောင်းဖြင့် ဝင်လာသူမျာအား လေဆိပ်တွင် ကျန်းမာရေးဝန်ထမ်းများက  ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ကောက်ယူခြင်းများ လုပ်ဆောင်နေပြီး မြို့အဝင်ဖြစ်သည့် မယ်ယန်းဂိတ်တွင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် Volunteer အဖွဲ့မှ လူငယ်များ ပူးပေါင်းပါဝင်သည့် အဖွဲ့ဖြင့် ၂၀၂၀ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့မှစတင်ပြီး မြို့တွင်းဝင်လာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်တမ်းကောက်ယူမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ (၁၆)ရက်နေ့မှစတင်တွေ့ရသည့် COVID 19 ပိုးသည် ယခင်ထက် ကူးစက်မှု ပိုမိုမြန်ဆန်လာသည့်အပြင် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကူးစက်ခံထားရသူ အများအပြားတွေ့လာရသဖြင့် ကူးစက်မှုမြင့်သည့်ဒေသများမှ လာရောက်သူများအား facility quarantine တွင် (၁၄)ရက်နှင့် home quarantine (၇)ရက် နေထိုင်စေခြင်းဖြင့် ရောဂါကူးစက်ခံထားရပါက လျင်မြန်စွာသိရှိပြီး ဆောလျင်စွာ ကုသမှုခံယူနိုင်ရန်နှင့် အခြားသူများသို့ ကူးစက်မှုလျှော့ချရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~