တာချီလိတ်တွင် စောင့်ကြည့်သံသယလူနာ (၃)ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိ၊ ဓါတ်ခွဲအဖြေစောင့်သူ (၂)ဦးကျန်

တာချီလိတ်တွင် စောင့်ကြည့်သံသယလူနာ (၃)ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိ၊ ဓါတ်ခွဲအဖြေစောင့်သူ (၂)ဦးကျန်
မတ် 31, 2020
By Tachileik News Agency
တာချီလိတ်တွင် စောင့်ကြည့်သံသယလူနာ (၃)ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိ၊ ဓါတ်ခွဲအဖြေစောင့်သူ (၂)ဦးကျန်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ (၃)ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့က ဓါတ်ခွဲအဖြေရရှိထားသည်။

ဝှေလေလန်က သားဖရယ်၊ လာအိုဘက် ဝမ်ပုံဆိပ်ကမ်းက ပြန်လာသူရယ် အဖြေရတယ်။ အားလုံးက negative ဖြစ်တယ်။ အခု ဓါတ်ခွဲအဖြေစောင့်ရမှာက အတည်ပြုလူနာ  သွားခဲ့တဲ့ ထမင်းဆိုင်က ဆိုင်ရှင်နဲ့ မလေးရှားနိုင်ငံသားရယ်ပဲ ကျန်တယ်

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက မတ်လ(၃၁)ရက်နေ့ ညပိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့ ဓါတ်ခွဲအဖြေရသည့် အမျိုးသား (၃)ဦးမှာ မတ်လ (၂၉)ရက်နေ့က စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓါတ်ခွဲစစ်ဆေးခဲ့သူများဖြစ်ကြသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာမှ အသက် (၇၂)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ချောင်းဆိုး၊ လည်ချောင်းနာ၊ ခေါင်းကိုက်၊ အန်ခြင်းစသည့် ရောဂါလက္ခဏာများ တွေ့ရပြီး တစ်အိမ်ထဲအတူနေသည့် ၎င်း၏ သားဖြစ်သူမှာ မတ်လ (၂၀)ရက်နေ့က မယ်ဆိုင်ဘက်သွားရောက်စဉ် ကိုရိုနာဗိုင်းရပ်စ်သံသယစောင့်ကြည့်ထားသူ (၁)ဦးနှင့် ထိတွေ့ခဲ့ကြောင်း သိရသဖြင့် မတ်လ (၂၉)ရက်နေ့တွင် သားအဖနှစ်ဦးလုံးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယင်းနေ့မှာပင် ဝမ်ပုံဆိပ်ကမ်းသို့ လာအိုဘက်မှ ဝင်လာသည့် မြန်မာနိုင်ငံသား (၁)ဦး ကိုယ်အပူချိန်မြင့်နေ၍ စောင့်ကြည့်လူနာ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~