တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရထားရသူ (၃၆)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရထားရသူ (၃၆)ဦး ထပ်တိုးတွေ့ရှိ
သြဂုတ် 17, 2021 | Covid-19

တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ (၁၇)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၃၆)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ပိုးတွေ့ရှိရသူများမှာ ပါရာဒိုက်စ်ဟိုတယ် နှင့် ထိုင်းနိုင်ငံဘက်က ပြန်လာသူ အပါအဝင် တာချီလိတ်ဆေးရုံဟောင်းတွင်းရှိ Fever Clinic နှင့် ဆေးရုံကြီးတို့တွင် စစ်ဆေးချက်များအရ (၃၆)ဦးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၁၇)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၂၁၀၀)ဝန်းကျင်အထိရှိနေပြီး သေဆုံးသူမှာလည်း (၄၀)ကျော်အထိရှိနေကာ ပိုးတွေ့လူနာများထဲက ဆေးရုံမတက်ရောက်ရပဲ Covid-19 စောင့်ကြည့်စင်တာများတွင် နေထိုင်ပြီး သတ်မှတ်ရက်ပြည့်၍ နေအိမ်ပြန်ခွင့်ရရှိသွားကြသူမှာ (၁၀၀၀)ကျော်အထိ ရှိနေကြောင်းလည်း သိရသည်။