နို့စို့ကလေးငယ်

နို့စို့ကလေးငယ်
သြဂုတ် 28, 2020
By Tachileik News Agency
သင်သိပါသလား….
COVID 19 ကာလမှာ နို့စို့ကလေးငယ်တွေကို မိခင်နို့ ဘေးကင်းစွာ ဘယ်လို တိုက်ကျွေးရမလဲဆိုတာ...
COVID 19 ကာလမှာ နို့စို့ကလေးငယ်တွေကို မိခင်နို့ ဘေးကင်းစွာ တိုက်ကျွေးနိုင်ပါတယ်။
တစ်နှစ်အောက် ကလေးငယ်များအတွက် မိခင်နို့ရည်က ကိုယ်ခန္ဓာ ဖွံ့ဖြိုးရန်နှင့် ကိုယ်ခံအားစနစ်ကောင်းလာစေပြီး ကူးစက်ရောဂါကိုလည်း ကာကွယ်နိုင်ဖို့အတွက် လိုအပ်ပါတယ်။
COVID 19 ကာလမှာ ကလေးငယ်ကို ဘေးကင်းစွာ မိခင်နို့ တိုက်ကျွေးရေးအတွက် လုပ်ဆောင်သင့်တဲ့အချက်တွေကို WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး)နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က လမ်းညွှန်ပေးထားပါတယ်။
- ကလေးအနားမှာရှိနေရင် medical mask ကို ဝတ်ဆင်ပါ။
- ကလေးကို မကိုင်တွယ်မီ လက်ကို ဆပ်ပြာ (သို့) ပိုးသန့်စင်ဆေးရည်နဲ့ စင်ကြယ်စွာ ဆေးကြောပါ။
- ကလေးငယ်အနီးက ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ပြီးရင် ပိုးမွှားသန့်စင်အောင် လုပ်ဆောင်ပါ။
- နို့တိုက်မိခင် ပြင်းထန်စွာ နေမကောင်းဖြစ်နေလျှင် တစ်နှစ်အောက် ကလေးငယ်များကို မိခင်နို့ညှစ်ပြီး တိုက်ပါ။
- ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ရယူဆောင်ရွက်ပါ။
COVID-19 ရောဂါ နှင့် ပတ်သက်၍ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ ရင်သွေးငယ်များ၏မိဘများနှင့် အာဟာရဆိုင်ရာ အမေးများသည့် မေးခွန်းများနှင့်အဖြေများ (Version 1.0) (11-5-2020) 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~