ဟိုပုံးမြို့က ပျံကျဈေးသည်များ Covid-19 ကင်းကြောင်း ထောက်ခံချက်ပါမှ ဈေးရောင်းချခွင့် ရမည်

ဟိုပုံးမြို့က ပျံကျဈေးသည်များ Covid-19 ကင်းကြောင်း ထောက်ခံချက်ပါမှ ဈေးရောင်းချခွင့် ရမည်
သြဂုတ် 15, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ် ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များအနေဖြင့်  Covid-19 ပိုး ရှိ မရှိ စစ်ဆေးပြီးမှသာ ဈေးရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနက ဩဂုတ်လ(၁၅)ရက်နေ့တွင် အသိပေးထားကြောင်း သိရသည်။

ယာယီပျံကျဈေးတွင် ဈေးရောင်းချနေသည့် ဈေးသည်များအနေဖြင့် Covid-19 ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိမရှိ သိနိုင်ရန် ကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးပြီး ကျန်းမာရေးဌာနမှ ထုတ်ပေးသည့် ပိုးကင်းစင်ကြောင်း ထောက်ခံချက်ပါရှိမှသာ ဈေးရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

ဟိုပုံးမြို့နယ်တွင်းရှိ မြို့မဈေး အပါအဝင် ဈေးများအားလုံး ၂၀၂၁ခုနှစ်   ဩဂုတ်လ(၂၁)ရက်နေ့အထိ ထပ်တိုးပိတ်ထားကြောင်း သိရသည်။