တာချီလိတ်တွင် လာအိုနိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

တာချီလိတ်တွင် လာအိုနိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား
မတ် 29, 2020
By Tachileik News Agency
တာချီလိတ်တွင် လာအိုနိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား 

မြန်မာ - လာအိုနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံဆိပ်ကမ်းအား ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့တွင် အဝင်အထွက်ပိတ်ထားပြီးနောက် နောက်ဆုံးဝင်လာသည့် နေရပ်ပြန်(၄၅)ဦးတွင် ကိုယ်အပူချိန်မြင့်နေသူ (၁)ဦး ပါဝင်လာသဖြင့် ကိုရိုနာဗိုင်းရပ်စ်သံသယစောင့်ကြည့်လူနာအဖြစ် ခရိုင်ပြည်သူ့ဆေးရုံတွင် ကုသပေးနေသည်။

လာအိုဘက်က ဝင်လာတဲ့တစ်ယောက်က ကိုယ်အပူချိန်မြင့်နေလို့ စောင့်ကြည့်လူနာအဖြစ် ဆရာဝန်ကြီးတွေက သတ်မှတ်လိုက်ပြီး အခု ဆေးရုံခေါ်ဖို့ လုပ်နေကြတယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ် မိုင်းမောဆိပ်ကမ်းဘက်မှ နေရပ်ပြန်လာသူများအား ဝမ်ပုံဆိပ်ကမ်းဘက်ခြမ်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကျန်းမာရေးစစ်ဆေးလက်ခံရာ ကိုယ်အပူချိန်မြင့်နေသူ (၁)ဦး ပါလာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။

မြန်မာနှင့် လာအို နှစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ခံရသူများရှိနေပြီဖြစ်၍ ဆိပ်ကမ်းမှ ဝင်ထွက်သွားလာခြင်းကို မတ်လ (၂၉)ရက်နေ့မှစ၍ မြန်မာဘက်က ပိတ်လိုက်ခြင်းဖြစ်ပြီး မြန်မာ - လာအို နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို လာအိုဘက်က ပိတ်ထားခြင်းဖြစ်သည်။

မတ်လ (၂၈) ရက်နေ့အထိ အတည်ပြုချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၈)ဦးနှင့် လာအိုနိုင်ငံတွင် အတည်ပြုလူနာ (၈)ဦးစီ တွေ့ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~