မိုးဗြဲမြို့ မီးရထားလမ်းအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ 

မိုးဗြဲမြို့ မီးရထားလမ်းအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ 
ဇွန် 25, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့ မီးရထားလမ်း အနီးတွင် ယနေ့  ၂၀၂၁ ခုနှစ် ဇွန်လ (၂၅)ရက်နေ့ ည (၇)နာရီခွဲ ဝန်းကျင်အချိန်က အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ထိခိုက် သွားကြောင်း သိရသည်။ 

နင်းမိတာက အမျိုးသားတစ်ဦး။ မိုးဗြဲမြို့  မီးရထားလမ်း တစ်နေရာမှာ ။ မိုင်းနင်းမိလို့ ခြေထောက် ထိတယ်။ ခြေထောက်ဖြတ်ရမယ့် အခြေနေလို့ သိရပါတယ်။ ဒဏ်ရာပြင်းတယ်လို့ သိရတယ်

ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။

အဆိုပါ အမျိုးသားတစ်ဦးသည် မိုင်းနင်းမိ၍ ဒဏ်ရာ ပြင်းထန်းကြောင်း နှင့်  မိုင်းနင်းမိရခြင်း နှင့် ပက်သက်၍ အသေးစိတ်ကို အတည်ပြု နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 

မီးရထားလမ်းအနီးတွင် မိုးဗြဲရဲစခန်းလည်းရှိပြီး ပြည်သူ့ကာကွယ်ရေးတပ် များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း ထောင်ခဲ့သော မိုင်းများဖြစ်နိုင်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။