နမ့်စန်လေတပ်ကနေ စစ်လေယာဉ်(၄)စီး  မြို့၏ တောင်ဘက် ရှမ်း  - ကယားနယ်စပ်သို့ ဦးတည် ပျံသန်း

နမ့်စန်လေတပ်ကနေ စစ်လေယာဉ်(၄)စီး  မြို့၏ တောင်ဘက် ရှမ်း  - ကယားနယ်စပ်သို့ ဦးတည် ပျံသန်း
ဇန်နဝါရီ 9, 2022 | ရှမ်းတောင်

မ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်လေတပ်မှ ညနေပိုင်းတွင် (၁)နာရီဝန်းကျင်အတွင်း စစ်လေယာဉ်(၄)စီး မြို့၏ တောင်ဘက် ရှမ်း - ကယားနယ်စပ်ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း နှင့် ယခင်က မဆင်းဖူးသည့် စစ်လေယာဉ်အကြီးတစ်စီး ဆင်းသက်လာကြောင်းလည်း သိရသည်။

ညနေ(၄)နာရီ (၅)မိနစ်အချိန်က (၂)စီး၊ ညနေ(၅)နာရီကျော် အချိန်က (၂)စီး၊  ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဥ်ကြီး တစ်စီးကတော့ ပြေးလမ်းပေါ် ဆင်းလာတာတွေ့တယ် မီးခိုးတွေ အမဲလိုက်နဲ့ပဲ။ အရင်က တခါမှ မဆင်းဖူးဘူး။ အသံက အတော်ကျယ်တယ်။ အဲ့လို အသံကျယ်တာ အရင်က တခါမှ မကြားဖူးဘူး။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပြီးခဲ့သည့် ရက်ကလည်း နမ့်စန်လေတပ်မှ စစ်လေယာဉ်များ မြို့၏ တောင်ဘက်သို့ (၁၀)စီးအထက် ပျံသန်းမှုများရှိခဲ့ကြောင်းလည်း သိရသည်။