မြန်မာ နယ်စပ်မှတဆင့် တရုတ်နိုင်ငံတွင်းသို့ Covid-19 ပြန်လည် ကူးစက်မှုများ ဖြစ်ပေါ်

Photo via Reuters
Photo via Reuters
မြန်မာ နယ်စပ်မှတဆင့် တရုတ်နိုင်ငံတွင်းသို့ Covid-19 ပြန်လည် ကူးစက်မှုများ ဖြစ်ပေါ်

လက်ရှိမြန်မာနိုင်ငံ၏ အနေအထားသည် ပတ်ဝန်းကျင်နိုင်ငံများသို့ COVID 19 ကူးစက်ပျံ့နှံ့စေနိုင်မည့် နေရာတစ်ခုဖြစ်လာနိုင်သည်ဟု ကုလကသတိပေးထားသည့်အတိုင်း တရုတ်နယ်စပ်တွင် မြန်မာဘက်မှ COVID 19 ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင် ဇူလိုင်လ (၁၉) ရက်နေ့က အတည်ပြုလူနာ (၆၅) ဦးတွေ့ရှိမှုမှာ ဇန်နဝါရီကတည်းက နေ့စဉ်အတည်ပြုလူနာတွေ့ရှိမှု အများဆုံးနေ့ဖြစ်သွားကြောင်း သိရသည်။

ယင်းတို့အနက် (၄၁) ဦးမှာ မြန်မာနှင့်နယ်စပ် ယူနန်ဒေသမှဖြစ်ပြီး  မြန်မာဘက်မှ ပြန်လာသည့် တရုတ်နိုင်ငံသားများ၌ တွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

ယူနန်ဒေသအတွင်း  မြန်မာနယ်စပ် ရွှေလီနှင့် လုံချွမ်တို့တွင် ဇူလိုင်လ (၄) ရက်နေ့ကတည်းက COVID 19 အတည်ပြုလူနာများ စတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

ရွှေလီတွင် ဇူလိုင်လ (၁၉) ရက်နေ့၌ ဒေသတွင်းကူးစက်မှု အတည်ပြုလူနာ (၇) ဦးကိုတွေ့ရပြီး လုံချွမ်တွင် (၁) ဦးတွေ့ရကြောင်း သိရသည်။

ရွှေလီသည် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် နယ်စပ်လမ်းကြောင်းတွင်ရှိနေသည့် ဒေသဖြစ်ပြီး  COVID 19 စတုတ္ထလှိုင်းဖြစ်မလာစေရန် ဆောင်ရွက်မည်ဟု ရွှေလီဒုတိယမြို့တော်ဝန်က ကတိပေးထားကာ ဒေသတွင်း လမ်းများတွင် စစ်ဆေးရေးဂိတ်များ ပိုမိုချထားကာ နယ်စပ်အဝင်အထွက်ကို တင်းကြပ်စွာတားမြစ်ထားကြောင်း သိရသည်။

COVID 19 ဗိုင်းရပ်စ် စတင်ပျံ့ပွားရာ တရုတ်နိုင်ငံက နိုင်ငံတွင်း ဗိုင်းရပ်စ်ပျံ့ပွားကူးစက်မှုအား ထိန်းချုပ်နိုင်ပြီဟု သတင်းများထုတ်ပြန်နေချိန်တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ၌ အိမ်နီးချင်းမြန်မာနိုင်ငံဘက်မှ  ကူးစက်မှုကို ပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။

Source: aljazeera