Apple ၏ ပထမဆုံးထုတ် iphone ကို အမေရိကန်ဒေါ်လာ (၂)သိန်းနီးပါးဖြင့် လေလံတင် ရောင်းချနိုင်ခဲ့

Apple ၏ ပထမဆုံးထုတ် iphone ကို အမေရိကန်ဒေါ်လာ (၂)သိန်းနီးပါးဖြင့် လေလံတင် ရောင်းချနိုင်ခဲ့
ဇူလိုင် 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 မြန်မာငွေ သိန်း (၆) ထောင်နီးပါးဖြင့် လေလံတင် ရောင်းချခဲ့သည့် ၂၀၀၇ ခုနှစ်ထုတ် Apple ၏ ပထမဆုံး iPhone

Apple ၏ ၂၀၀၇ ခုနှစ် ပထမဆုံးထုတ် iPhone ကို  အမေရိကန်ဒေါ်လာ (၂)သိန်း နီးပါးဖြင့်  လေလံတင်ရောင်းချနိုင်ခဲ့ပြီး ခန့်မှန်းထားမှုထက် များစွာဈေးပိုရခဲ့ကြောင်း သိရသည်။ 

လေလံကုမ္ပဏီ LCG Auctions က "Holy Grail" ဟု နာမည်ပေးထားပြီး memory 4GB ပါဝင်သော ပထမဆုံးထုတ် iPhone ကို ဒေါ်လာ (၅)သောင်းမှ (၁)သိန်းအထိ လေလံဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် အွန်လိုင်းမှတစ်ဆင့် လေလံဆွဲဝယ်ယူမှု (၂၈) ခုရှိလာခဲ့ပြီးနောက် ဖုန်း၏ဈေးနှုန်းမှာ လျင်မြန်စွာ မြင့်တက်လာခဲ့ကြောင်းနှင့် ဇူလိုင်လ (၁၆) ရက်နေ့တွင် နောက်ဆုံး လေလံဈေးနှုန်း ဒေါ်လာ (၁၉၀,၃၇၂)ဖြင့် ရောင်းချနိုင်ခဲ့သည်။

 ပြီးခဲ့သည့် (၉) လအတွင်း Apple ၏ ၂၀၀၇ ခုနှစ်ထုတ် memory 8GB ပါဝင်သော iPone (၂) လုံးကိုလည်း စံချိန်တင် ဈေးနှုန်းများဖြင့် ရောင်းချနိုင်ခဲ့ကြောင်း LCG Auctions က ပြောသည်။

memory 4GB ပါဝင်သော ၂၀၀၇ မော်ဒယ် iPhone မှာမူ iPhone ချစ်သူများအတွက် ပို၍ ရှားပါးပြီး စုဆောင်းချင်စဖွယ်ဟု ဆိုသည်။

 Apple က ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် memory 4GB ဖြင့် ပထမဆုံး iPhone အမျိုးအစားကို စတင်မိတ်ဆက်ခဲ့သော်လည်း ရောင်းအားနည်းမှုကြောင့် ဈေးကွက်တွင် (၂) လသာ ရောင်းချခဲ့ပြီးနောက် ဆက်မရောင်းတော့ဘဲ မွမ်းမံထားသည့် memory 8GB ပါဝင်သော အမျိုးအစားကို ဒေါ်လာ (၁၀၀) ကျော်မျှဖြင့် ဈေးကွက်တင်ခဲ့ကြောင်း LCG Auctions က ပြောသည်။

 

Source: CNN