ထိုင်းနိုင်ငံ ဆူရဘူရီခရိုင်တွင် အသုံးပြုပြီးသား mask များကို ပြန်လည် သန့်စင်ကာ ရောင်းချ

မတ် 3, 2020
By Tachileik News Agency

ထိုင်းနိုင်ငံ ဆူရဘူရီခရိုင်တွင် အသုံးပြုပြီးသား mask များကို ပြန်လည် သန့်စင်ကာ ရောင်းချ

ထိုင်းနိုင်ငံ ဆူရဘူရီခရိုင်တွင် အသုံးပြုထားပြီးဖြစ်သည့် နှာခေါင်းဖုံး ( Mask ) များအား ပြန်လည်ထုပ်ပိုးရောင်းချသည့် ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ (၂)ရက်နေ့၌ ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါဆိုင်တွင် အသုံးပြုထားပြီးသား Mask များကို လျှော်ဖွပ်၊ မီးပူတိုက်ပြီး ပြန်လည်ထုပ်ပိုးသည့် အမျိုးသား (၆)ဦးကိုလည်း တွေ့ရပြီး Mask အဟောင်းများ ပြန်လည်ပြုပြင်ခအဖြစ် တစ်ခုလျှင် တစ်ဘတ်ရရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန်တွင် နေအိမ်ပိုင်ရှင်အမျိုးသမီးမှာ ခရီးထွက်နေပြီး အသက် (၁၇)နှစ်အရွယ် သားဖြစ်သူ နွန်ကိုသာ တွေ့ရကြောင်း သိရသည်။

မိခင်ဖြစ်သူက Mask အဟောင်းများကို စက်ရုံတစ်ခုမှ ပြန်လည်ဝယ်ယူကာ သန့်စင်ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်း၏ သားဖြစ်သူက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအနေဖြင့် ဈေးကွက်အတွင်း  ပြန်လည်ရောင်းချထားသည့် Mask အဟောင်းအရေအတွက်ကို မသိရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်( COVID 19 )သည် ချောင်းဆိုး၊ နှာချေရာမှ လွင့်စဉ်လာသည့် အမှုန်အမွှားများအဖြစ် ကပ်ညိနေသည့် နေရာများကို ထိကိုင်မိသည့် လက်မှတစ်ဆင့် ပါးစပ်၊ မျက်လုံးစသည်တို့မှ ဝင်ရောက်ကူးစက်နိုင်ခြင်းဖြစ်၍ Mask တပ်ဆင်ခြင်းအစား လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း၊ ပါးစပ်၊မျက်လုံးများကို လက်မဆေးဘဲ ထိတွေ့ကိုင်တွယ်ခြင်းအား ရှောင်ကြဉ်ခြင်း၊ ချောင်းဆိုး၊နှာချေသူများ တစ်ရှုးဖုံးအုပ်အသုံးပြုပြီး စနစ်တကျစွန့်ပစ်ခြင်းများကို လုပ်ဆောင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ကျန်းမာရေး ပညာရှင်များက တိုက်တွန်းအကြံပြုကြသော်လည်း ဈေးကွက်တွင် Mask ဝယ်လိုအားမှာ မြင့်တက်နေဆဲဖြစ်သည်။

Tachileik News Agency

Ref; Khaosod English

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

ထိုင်းနိုင်ငံ ဆူရဘူရီခရိုင်တွင် အသုံးပြုပြီးသာ mask များကို ပြန်လည် သန့်စင်ကာ ရောင်းချ