KIO ထိန်းချုပ်နယ်မြေအတွင်း မဂါယန်စစ်ဘေးရှောင်စခန်းတွင် ရေကြီးမြေပြို၍ တစ်ဦးသေဆုံး

KIO ထိန်းချုပ်နယ်မြေအတွင်း မဂါယန်စစ်ဘေးရှောင်စခန်းတွင် ရေကြီးမြေပြို၍ တစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ ထိန်းချုပ်နယ်မြေအတွင်း မဂါးယာန်စစ်ဘေးရှောင်စခန်းတွင် ညပိုင်းက မိုးသည်းထန်မှုကြောင့်  ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုနှင့်အတူ မြေပြိုမှုများ ဖြစ်ပေါ်ပြီး တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ရေထဲမျှောသွားသည့် နေအိမ်မှာ (၅)အိမ်ရှိပြီး မြေပြိုမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ခြေမှာ (၁၀)အိမ်ရှိကြောင်း နှင့် ရေဘေးသင့်ပြည်သူ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့်အကူအညီများ လိုအပ်နေကြောင်း Simsa Kasa ၏ ဖော်ပြထားချက်အရ သိရသည်။

ယင်းစစ်ဘေးရှောင်စခန်းသည် နှစ်စဉ်မိုးရွာသီကာလများတွင် ယခုလို ရေကြီးရေလျှံမှုများ ကြုံတွေ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo: Simsa KaSa