မိုးကုတ်မြို့တွင် မိုးသည်းထန်မှုကြောင့် မြေပြိုပြီး မိသားစု(၃)ဦး သေဆုံး

 Photo: လောကဟိတလူမှုကူညီရေးအသင်း
Photo: လောကဟိတလူမှုကူညီရေးအသင်း
မိုးကုတ်မြို့တွင် မိုးသည်းထန်မှုကြောင့် မြေပြိုပြီး မိသားစု(၃)ဦး သေဆုံး

မိုးကုတ်မြို့  ယနေ့ ၂၀၂၁ခုနှစ်  ဩဂုတ်လ(၁၂)ရက်နေ့သို့ အကူး နံနက်(၁)နာရီဝန်းကျင်ကစ၍  မိုးသည်းထန်မှုကြောင့် မိုးကုတ် အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်ရှိ BOC ဆီဆိုင်အနီးတွင် မြေပြိုမှုနှင့်အတူ ထရန်စဖော်မာလဲကျမှုများကြောင့် (၃)ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ သက်ကြီးရွယ်အိုအမျိုးသမီးကြီး (၁)ဦး၊ မိခင်နှင့်ကလေးငယ်  (၂)ဦး စုစုပေါင်း မိသားစု(၃)ဦးဖြစ်ကြောင်း သိရသည်။ 



 

သေဆုံးသူ၏ အလောင်းများအား ကယ်ဆယ်ရေးအဖွဲ့များနှင့်လူမှုရေးအသင်းအဖွဲ့များက မြေပြိုသည့်အထဲက ရှာဖွေပြီး လောကဟိတလူမှုကူညီရေးအသင်းက ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အလားတူ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။