မိုခါ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွက် FPNCC နှင့်  UWSA က သိန်းတစ်သောင်း လှူဒါန်း

Photo:  Cyclone Mocha ERRCA
Photo:  Cyclone Mocha ERRCA
မိုခါ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွက် FPNCC နှင့်  UWSA က သိန်းတစ်သောင်း လှူဒါန်း

 မိုခါ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွက် FPNCC နှင့် “ဝ”ပြည်နယ်အစိုးရ UWSA အဖွဲ့က ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့တွင် ကျပ်သိန်းတစ်သောင်းလှူဒါန်းလိုက်ကြောင်း သိရသည်။

ဆိုင်ကလုန်းမိုခါ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူ၊ ပြည်သားများ၏ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအတွက်ဟုဆိုကာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)က ငွေကျပ်သိန်း (၅၀၀၀)နှင့် UWSA မှ ကျပ်သိန်း(၅၀၀၀) လှူဒါန်းလိုက်ကြောင်း သိရသည်။

အလှူငွေများကို UWSA ဒု-ဥက္ကဋ္ဌ နှင့် ပြင်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူး ဖြစ်သော ဦးကျောက်ကော်အန်းမှ FPNCC နှင့် UWSA   ကိုယ်စားပေးအပ် လှူဒါန်းရာ Cyclone Mocha ERRCA ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ညိုထွန်းအောင် နှင့် Humanitarian and Development Coordination Office (HDCO) အကြီးအကဲ ဦးထွန်းမင်းနိုင်တို့က “ဝ” ပြည်နယ်၊ ပန်ခမ်းမြို့တွင် လက်ခံရယူခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်လများကလည်း NUG၊ KIA၊ MNDAA၊ TNLA၊ MNSP၊ NDAA၊ SSPP အဖွဲ့များက ရခိုင်ပြည်နယ်မုန်တိုင်းသင့် ပြည်သူများအတွက် ရက္ခိုင့် တပ်တော်(AA)ထံ အလှူငွေများ ပေးပို့ခဲ့သေးသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွက် ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ထားသည်ဟု သိရ သည်။