တာလေ နှင့် ကျိုင်းလပ်အသွား လမ်းပေါ်ရှိ ဝမ်ပိုင်းရွာတံတား တောင်ကျရေကြောင့် ကျိုးကျ ပျက်စီး

တာလေ နှင့် ကျိုင်းလပ်အသွား လမ်းပေါ်ရှိ ဝမ်ပိုင်းရွာတံတား တောင်ကျရေကြောင့် ကျိုးကျ ပျက်စီး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း တာလေ နှင့် ကျိုင်းလပ်အသွားလမ်းပေါ်ရှိ ဝမ်ပိုင်းရွာတံတားတွင် တောင်ကျရေကြောင့်  တံတားကျိုးကျသွားမှု ယနေ့ ဇူလိုင်လ(၂၁)ရက်နေ့ အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က ဖြစ်ပွားကြောင်း သိရသည်။

မိုးရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် တာလေ နှင့် ကျိုင်းလပ်အသွားလမ်းပေါ်ရှိ မိုင်းလင်းအနောက်ကျေးရွာအုပ်စု ဝမ်ပိုင်းရွာတံတား  ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က ကျိုးကျသွားခြင်း ဖြစ်ပြီး ယာဉ်များသွားရန် အဆင်ပြေရေး မိုးလင်းပါက လုပ်ဆောင်သွားမည်ဟု သိရသည်။

မနက် လင်းရင်တော့ ယာယီသွားလို့ရအောင် နဲ့ တံတားအမြန်ပြီးစီးရေးအတွက် လမ်းဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်

ဟု တာချီလိတ်မြို့မှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နံနက်(၄)နာရီခွဲကျော်က ပြောသည်။

ကျိုးကျသွားသည့် တံတားသည် တာလေ နှင့် ကျိုင်းလပ်မြို့သွားလမ်းပေါ်တွင်ရှိပြီး နေ့စဉ် ယာဉ်များဖြတ်သန်းသွားနေရသည့် တံတားတစ်ခုဖြစ်သလို တာလေမြို့မှ (၃)ကီလိုနှင့် (၄)ကီလိုအကြားသာ ကွာဝေကြောင်း သိရသည်။

မိုးရာသီကာလများတွင် တာလေနှင့် ကျိုင်းလပ်မြို့အကြား လမ်းမကြီးပေါ်ရှိ တံတားများမှာ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် ကျိုးကျ ပျက်စီးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

#TachileikNewsAgency

Photo: STZL