မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း တောင်ပြိုကျ၍ လူနေအိမ် ၃ လုံးပျက်စီးပြီး အိမ်ထောင်စု ၅၅ စု ရွှေ့ပြောင်းထားရ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း တောင်ပြိုကျ၍ လူနေအိမ် ၃ လုံးပျက်စီးပြီး အိမ်ထောင်စု ၅၅ စု ရွှေ့ပြောင်းထားရ
By Tachileik News Agency

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအုပ်စု၊ ရပ်ကွက်(၈)အနီးတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်က ကွမ်ရိုက်တောင်မြေပြိုသဖြင့် လူနေအိမ် (၃) လုံးပျက်စီးသွားကာ အနီးဝန်းကျင်နေထိုင်သူများကို ရွှေ့ပြောင်းထားရကြောင်း သိရသည်။



မြေပြို၍ နေအိမ်ပျက်စီးသွားသည့်နေရာများတွင်  မုဒွန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်များဖြင့် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားသည်ဟု သိရသည်။



မြေပြိုမှုထပ်မံဖြစ်ပွားနိုင်၍ အနီးဝန်းကျင်နေထိုင်သူများ ရွှေ့ပြောင်းနေကြစဉ် ဒုတိယအကြိမ်မြေပြိုမှု ထပ်မံဖြစ်ပွားသွားကြောင်း သိရသည်။



တောင်ပြိုကျမှုကြောင့် အနီးဝန်းကျင်မှ အိမ်ထောင်စု (၅၅) စု ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။