ကလေးမြို့တွင်တာဝန်ကျနေသည့် ရဲနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

ကလေးမြို့တွင်တာဝန်ကျနေသည့် ရဲနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း ကလေးမြို့တွင် တာဝန်ကျနေသည့် ရဲတပ်သား(၃)ဦး လက်နက်ခဲယမ်းများနှင့်အတူ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၄)ရက်နေ့တွင် အလင်းဝင်လာကြောင်း CDF - KKG ထံမှ သိရသည်။

အဆိုပါရဲနှစ်ဦးသည် G3 လက်နက် အမျိုးစား(၂)လက်၊ ကျည်ဘောက်(၈)ခု၊ ကျည်ဆံအတောင့်(၄၇၀)နှင့်အတူ CDF-KKG ထံသို့ လာရောက်အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား အဖွဲ့အစည်းမှ ဆုကြေးငွေ ကျပ်သိန်း(၅၀)ချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: Chinland Defense Force, Kalay-Kabaw-Gangaw