လားရိႈးနည္းပညာတကၠသိုလ္ေရွ႕တြင္ တစ္ကိုယ္ေတာ္ဆႏၵထုတ္ေဖၚသည့္ ေက်ာင္းသားက ေတာင္းဆိုခ်က္မရမခ်င္း ဆက္လက္လုပ္ေဆာင္မည္

လားရိႈးနည္းပညာတကၠသိုလ္ေရွ႕တြင္ တစ္ကိုယ္ေတာ္ဆႏၵထုတ္ေဖၚသည့္ ေက်ာင္းသားက ေတာင္းဆိုခ်က္မရမခ်င္း ဆက္လက္လုပ္ေဆာင္မည္
ဒီဇင်ဘာ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕ နည္းပညာတကၠသိုလ္ေရွ႕တြင္ ေတာင္းဆိုခ်က္ (၇)ခုျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၇) ရက္ေန႔က ဆႏၵထုတ္ေဖၚသည့္ေက်ာင္းသားသည္ ၿငိမ္းခ်မ္းစြာ စုေဝးျခင္းႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆုိင္ရာဥပေဒကို လုိက္နာေဆာင္ရြက္ျခင္း မရိွခဲ့သျဖင့္ ဥပေဒအရ တရားစြဲဆို ခံရျခင္းကို အာမခံမယူဘဲ ေတာင္းဆိုခ်က္မ်ား မရမခ်င္း ဆက္လက္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

"ေက်ာင္းသားသမဂၢကိုလည္း ဖိႏွိပ္မႈေတြရွိေနတယ္။ နယ္ေျမေဒသအေျခအရ ကၽြန္ေတာ္ တစ္ေယာက္တည္း သပိတ္ေမွာက္တာျဖစ္ပါတယ္။ အဖြဲ႔ဝင္ေတြအားလံုး မပါရေသးပါဘူး။ အဓိကအခ်က္ (၇) ခ်က္နဲ႔ သပိတ္ေမွာက္တာ ျဖစ္တယ္။ ေက်ာင္းအပ္ခႏႈန္းထား ေစ်းႀကီးျမင့္လာတာေတြ အပါအဝင္ သမဂၢရံုးခန္းကို ဝင္ေရာက္ ဖ်က္ဆီးခံရတာေတြကို အမ်ားျပည္သူနဲ႔ ပညာေရးဝန္ႀကီးဌာနသိရွိေအာင္ အစာလံုးဝမစားဘဲ သပိတ္ေမွာက္ေတာင္းဆိုရျခင္း ျဖစ္ပါတယ္" ဟု လားရိႈး နည္းပညာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ (ရွမ္းျပည္နယ္လံုးဆိုင္ရာေက်ာင္းသားမ်ားသမဂၢ )မွ ကိုစိုင္းေက်ာ္ေစာဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဒီဇင္ဘာလ (၁၈) ရက္ေန႔က ေျပာသည္။

ပညာေရးဝန္ႀကီးဌာနသို႔ ေတာင္းဆိုခ်က္(၇)ခ်က္ကို ေရးသားထားသည့္စာရြက္ကို ကိုင္ေဆာင္ၿပီး အဆိုပါ ေက်ာင္းသားက နည္းပညာတကၠသိုလ္(လားရိႈး) ေရွ႕တြင္ တစ္ကိုယ္ေတာ္ဆႏၵထုတ္ေဖၚခဲ့ျခင္းျဖစ္ၿပီး နည္းပညာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ရွမ္းျပည္နယ္လံုး ဆိုင္ရာ ေက်ာင္းသားမ်ား သမဂၢ )မွ အဖြဲ႔ဝင္တစ္ဦးက ဝန္းရံေပးခဲ့ေၾကာင္း သိရသည္။

"ၿငိမ္းစုစီ ( ၁၉ )နဲ႔ အမႈဖြင့္ထားတယ္။ အာမခံေပးလို႔ရတယ္။ သူက အာမခံ မယူဘူး။ ကိုယ္တိုင္ ခံဝန္နဲ႔လည္း ရတယ္။ အဲဒါလည္း သူက ခံဝန္မထိုးဘူး။ ဒီတိုင္းဆက္လုပ္မယ္လို႔ပဲ ဆိုတယ္။ သူက ပညာေရး ဝန္ႀကီးဌာန စတာေတြကို သပိတ္ေမွာက္တာဆိုေပမဲ့ ကၽြန္ေတာ္တို႔ နယ္ေျမထဲမွာျဖစ္တဲ့အတြက္ လံုၿခံဳေရးလည္း ေပးထားတယ္။ သပိတ္ေမွာက္တာက ရဲတပ္ဖြဲ႔အေပၚသက္ေရာက္မႈလည္း ရွိသြားတယ္။ ေခၚၿပီး စစ္ေဆးတဲ့ ညကေတာ့ ရဲစခန္းထဲမွာပဲ ဒရင္းဘက္နဲ႔ အိပ္သြားတယ္။ မနက္ျဖန္ေတာ့ တရားစြဲဖို႔ရာ ရဲတပ္ဖြဲ႔က ဆက္လုပ္ သြားမွာျဖစ္ပါတယ္" ဟု လားရႈိးၿမိဳ႕ အမွတ္ ( ၂ ) နယ္ေျမစခန္းမွဴးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ဆႏၵထုတ္ေဖၚသည့္ ေက်ာင္းသားႏွင့္ ဝန္းရံသည့္ေက်ာင္းသားတုိ႔အား လားရိႈးနယ္ေျမရဲစခန္းတြင္ ဒီဇင္ဘာ (၁၇) ရက္ေန႔ ညေန (၅) နာရီခြဲဝန္းက်င္ ေခၚယူစစ္ေဆးၿပီး ခံဝန္ကတိထိုးကာ ျပန္လႊတ္ေပးမည္ဟု ရဲတပ္ဖြဲ႔ကေျပာဆိုခဲ့ေသာ္လည္း ေက်ာင္းသား ႏွစ္ဦးလံုး ခံဝန္ကတိထိုးရန္ လက္မခံခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ နည်းပညာတက္ကသိုလ်ရှေ့တွင် တောင်းဆိုချက် (၇)ခုဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့က ဆန္ဒထုတ်ဖော်သည့်ကျောင်းသားသည် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့သဖြင့် ဥပဒေအရ တရားစွဲဆို ခံရခြင်းကို အာမခံမယူဘဲ တောင်းဆိုချက်များ မရမချင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျောင်းသားသမဂ္ဂကိုလည်း ဖိနှိပ်မှုတွေရှိနေတယ်။ နယ်မြေဒေသအခြေအရ ကျွန်တော် တစ်ယောက်တည်း သပိတ်မှောက်တာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအားလုံး မပါရသေးပါဘူး။ အဓိကအချက် (၇) ချက်နဲ့ သပိတ်မှောက်တာ ဖြစ်တယ်။ ကျောင်းအပ်ခနှုန်းထား ဈေးကြီးမြင့်လာတာတွေ အပါအဝင် သမဂ္ဂရုံးခန်းကို ဝင်ရောက် ဖျက်ဆီးခံရတာတွေကို အများပြည်သူနဲ့ ပညာရေးဝန်ကြီးဌာနသိရှိအောင် အစာလုံးဝမစားဘဲ သပိတ်မှောက်တောင်းဆိုရခြင်း ဖြစ်ပါတယ်" ဟု လားရှိုး နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရှမ်းပြည်နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ )မှ ကိုစိုင်းကျော်စောဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၁၈) ရက်နေ့က ပြောသည်။

ပညာရေးဝန်ကြီးဌာနသို့ တောင်းဆိုချက်(၇)ချက်ကို ရေးသားထားသည့်စာရွက်ကို ကိုင်ဆောင်ပြီး အဆိုပါ ကျောင်းသားက နည်းပညာတက္ကသိုလ်(လားရှိုး) ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရှမ်းပြည်နယ်လုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ )မှ အဖွဲ့ဝင်တစ်ဦးက ဝန်းရံပေးခဲ့ကြောင်း သိရသည်။

"ငြိမ်းစုစီ ( ၁၉ )နဲ့ အမှုဖွင့်ထားတယ်။ အာမခံပေးလို့ရတယ်။ သူက အာမခံ မယူဘူး။ ကိုယ်တိုင် ခံဝန်နဲ့လည်း ရတယ်။ အဲဒါလည်း သူက ခံဝန်မထိုးဘူး။ ဒီတိုင်းဆက်လုပ်မယ်လို့ပဲ ဆိုတယ်။ သူက ပညာရေး ဝန်ကြီးဌာန စတာတွေကို သပိတ်မှောက်တာဆိုပေမဲ့ ကျွန်တော်တို့ နယ်မြေထဲမှာဖြစ်တဲ့အတွက် လုံခြုံရေးလည်း ပေးထားတယ်။ သပိတ်မှောက်တာက ရဲတပ်ဖွဲ့အပေါ်သက်ရောက်မှုလည်း ရှိသွားတယ်။ ခေါ်ပြီး စစ်ဆေးတဲ့ ညကတော့ ရဲစခန်းထဲမှာပဲ ဒရင်းဘက်နဲ့ အိပ်သွားတယ်။ မနက်ဖြန်တော့ တရားစွဲဖို့ရာ ရဲတပ်ဖွဲ့က ဆက်လုပ် သွားမှာဖြစ်ပါတယ်" ဟု လားရှိုးမြို့ အမှတ် ( ၂ ) နယ်မြေစခန်းမှူးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဆန္ဒထုတ်ဖော်သည့် ကျောင်းသားနှင့် ဝန်းရံသည့်ကျောင်းသားတို့အား လားရှိုးနယ်မြေရဲစခန်းတွင် ဒီဇင်ဘာ (၁၇) ရက်နေ့ ညနေ (၅) နာရီခွဲဝန်းကျင် ခေါ်ယူစစ်ဆေးပြီး ခံဝန်ကတိထိုးကာ ပြန်လွှတ်ပေးမည်ဟု ရဲတပ်ဖွဲ့ကပြောဆိုခဲ့သော်လည်း ကျောင်းသား နှစ်ဦးလုံး ခံဝန်ကတိထိုးရန် လက်မခံခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~