ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
ဇူလိုင် 12, 2020
By Tachileik News Agency

ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ် (၆) ရပ်ကွက်တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့ နေ့လယ်ပိုင်းက အသက် (၂၁) နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားသည်။

နေအိမ် အိပ်ခန်းအတွင်း ကြိုးဆွဲချသေဆုံးနေသည်ကို ဇနီးဖြစ်သူက နေ့လယ် (၂) နာရီ ဝန်းကျင်တွင် တွေ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့နှင့် သက်သေများပါဝင်သည့် အဖွဲ့က စစ်ဆေးကာ အလောင်းအား ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတွင် စစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။

သေဆုံးသူမှာ ဇနီးဖြစ်သူနှင့် မကြာခဏ စကားများရန်ဖြစ်တတ်သည်ဟု ဇနီးဖြစ်သူက ပြောကြားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် (၁၀/ ၂၀၂၀ ) ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~